အပိုင်း (၂၀)

414 11 0
                                    

String that bands with heart
အပိုင်း (၂၀)

အိမ်နေရင်းတီရှပ်အပွကြီးနဲ့ ဘောင်လယ်လောက်သာရှိသောတိုနှံ့နှံ့ပေါင်းဘီလေးကိုဝတ်ထားတဲ့ကောင်မလေးက ခြံထဲကပန်းပင်တွေကို စိတ်မပါလက်မပါ ရေလောင်းနေ၏။

ဆံပင်ရှည်ကြီးကို ခေါင်းပေါ်ဖြစ်သလိုစုချည်ထုံးထာတာကာ သနပ်ခါးကိုလည်းအထူကြီးလိမ်းထားတာမို့ ပေါတောတောပုံစံပေါက်နေပေမယ့် ချစ်စရာကောင်းနေမှု့ကပျောက်မသွား။

ဘောင်းဘီိတိုလေးသာဝတ်ထားတာကြောင့် ဖြူဝင်းချောမွတ်နေသော ပေါင်တံသွယ်သွယ်လေးတွေရဲ့အလှကလည်း အတိုင်းသားမြင်နေရသည်။

"ဟိတ်! ချွတ်ချွတ်..."
ခေါ်သံကြားတာမို့ ရရပန်းပင်တွေရေလောင်းနေရာမှ ခြံတံခါးနားလျှောက်လာလိုက်၏။

ခြံတံခါးဖွင့်ပေးမိတော့ မြင်လိုက်ရသည်က ပိုးချိတ်ဝမ်းဆက်ကိုသားသားနားနားဝတ်ဆင်ထားသောအမျိုးသမီးတစ်ယောက်...

ခါးလယ်လောက်ရှိသောဆံပင်တွေကို တစ်ဖြောင့်တည်းချထားကာ နားနောက်နားတွင်လည်း နှင်းဆီပန်းအနီရောင်တစ်ပွင့်ကိုပန်ထား၏။

အသက်ကသိပ်မကြီးလောက်ပေမယ့် ပြင်ဆင်ထားပုံကနန်းဆန်လွန်းကာ ကျက်သရေရှိလှသည်။ ခေတ်စကားနဲ့ပြောရင် မောင်လေးတွေတမ်းတမ်းစွဲသွားစေမယ့် မမစတိုင်မျိုး။ သူမတို့နဲ့ အသက်လေးငါးခြောက်နှစ်လောက်သာကွာမည်။

"တို့ခေါ်နေတာကြာလှပြီ... မင်းကမကြားလို့..."

အထက်စီးဆန်ဆန်နဲ့ပြောလာသောအမျိုးသမီးကို ရရတမေ့တမောငေးမောကြည့်နေမိသည်။
လှတာတော့အတော်လှတာ...

"မင်းက ဒီအိမ်ကလား? "

"ဟုတ် ရရကဒီအိမ်ကပါ... ပန်းပင်ရေလောင်းနေတော့ မကြားလိုက်ဘူး... လူခေါ်ဘဲလ်ရှိတယ်လေ... အဲ့ဒါဆိုအသံကျယ်မှာ..."

ပြုံးရင်း ဘေးနားကလူခေါ်ဘဲလ်ခလုတ်လေးကို ရရကလက်ညှိုးထိုးပြသည်။

"Sorryပဲ... တို့မမြင်လိုက်လို့..."

သူမကသာဖော်ရွေနေပေမယ့် တစ်ဖက်ကအစ်မက မျက်နှာတည်တည်လေးနဲ့သာ ရရကိုမသိမသာအကဲခတ်နေ၏။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now