အပိုင်း (၄၃)

738 19 4
                                    

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...
အပိုင်း (၄၃)

မွေးနေ့ပွဲမှာကတည်းက မျက်နှာမကောင်းတဲ့မောင်က အိမ်ပြန်ရောက်တော့လည်း စိတ်ကြည်ပုံမရပါ။ ကိုကြီးပြန်လာတာကို မောင်ကအဲ့လောက်တောင် စိတ်သောကရောက်နေသတဲ့လား။

/ဘာတွေလဲမောင်ရာ။ ရရဖြင့် ဘာမှနားမလည်နိုင်တော့ဘူး.../

"မောင် ငါအပြင်ခဏသွားမလို့..."

"ဘယ်သွားမလို့လဲ? မိုးချုပ်နေပြီ..."

"ဆုမြတ်တို့နဲ့ ကလပ်မှာချိန်းထားလို့... ခဏပဲ... သောက်မလာဘူး..."

"မသွားရဘူး! "

"ကျစ်! မောင်..."

အဖန်တလဲလဲထပ်နေတဲ့ဇာတ်လမ်းတွေလို မောင့်ရဲ့ချုပ်ချယ်မှု့တွေကို ရရတကယ်ငြီးငွေ့နေပြီ။

"မောင် နင်ငါ့ကိုအဲ့လောက်ထိမပိတ်ပင်နဲ့သိလား?"

'ပိတ်ပင်သည်´တဲ့...
ချစ်လွန်းလို့တားမြစ်တယ်ဆိုတာတော့ သူမ,မသိ...

/မင်းကိုအရမ်းချစ်လို့ စိတ်ပူလို့ဆိုတာရော ဘာလို့မတွေးမိရတာလဲရရ...
မောင်လည်း တကယ်ပင်ပမ်းနေပြီ...

မင်းအိမ်မှာမရှိတဲ့အချိန်တိုင်း ဘယ်သူနဲ့ဘယ်မှာဘာတွေလုပ်နေမလဲဆိုပြီး မောင်တွေးပူရလွန်းလို့ရူးမတတ်ဘဲ...

မင်းရဲ့အဆက်ဟောင်းတွေ၊ Contact List.ထဲက မထပ်တဲ့ ဖုန်းနံပါတ်တွေ၊ မင်းနဲ့အသိဆိုတဲ့ယောက်ျားလေးမိတ်ဆွေတွေ...
တစ်နေ့တစ်နေ့ မင်းမောင့်ကိုဘယ်တော့ပစ်ထားခဲ့မလဲဆိုပြီး တွေးရလွန်းလို့ ​မောင်ရူးတော့မယ်...

မောင့်ဘက်ကိုလည်း နဲနဲလောက်လှည့်ကြည့်ပေးပါဦးလားအချစ်ရယ်...
မောင်အရမ်းနာကျင်နေပြီ။/

/မောင့်ဆီက မင်းကိုဆွဲထုတ်သွားကြမှာကို မောင်သေမလောက်ကြောက်တယ်။

အတွေးတွေကနှိပ်စက်တိုင်း အရူးမီးဝိုင်းဖြစ်နေတတ်တဲ့မောင့်ကို မင်းရဲ့အချစ်တွေနဲ့ပဲကုစားပေးနိုင်မှာ။ မောင့်ကိုမချစ်နိုင်သေးရင်တောင် မောင့်ဘေးနားနေပြီး မောင့်ကိုနှစ်သိမ့်ပေးလို့မရဘူးလားအချစ်ရယ်.../

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now