အပိုင်း (၃၂)

412 7 0
                                    

String that bands with heart 🚨
အပိုင်း (၃၂)

(အရမ်းမမှောင်ပေမယ့် 16နှစ်အောက်ကလေးများ ဖတ်ဖို့မသင့်ပါဘူးနော်။ warning.ပေးထားပါတယ်)

"ဟင်း.... ဘာလုပ်တာလဲ... ဖယ်..."

အိပ်ယာပေါ်ကစောင်ခြုံထဲလုံးထွေးနေသောကိုယ်လုံးလေးကို နောက်ကနေသိမ်းကြုံးပွေ့ဖက်လိုက်တာမို့ ကျောပေးအိပ်နေရာက အတင်းရုန်းဖယ်လာ၏။ သူလွှတ်မပေးဘဲ ပိုတိုးဖက်ပစ်လိုက်တော့ နောက်ဆုံး ရုန်းမရတဲ့အဆုံး အင်အားကုန်ခမ်းသွားပုံရကာ ​ပြန်ငြိမ်ကျသွားတော့သည်။

တစ်နေ့လုံးဧည့်ခံပွဲမှာပင်ပမ်းထားသည်ကတစ်ကြောင်း၊ လူကြီးတွေဆီကအဆူအငေါက်ခံထားရသည်ကတစ်ကြောင်းပေါင်းကာ ရရကသူ့ကိုစိတ်ဆိုး​မပြေ။ တကယ်ဆို သူကလည်းဘာအပြစ်မှမလုပ်ထားပါဘဲ...

သူမဘာသာ မင်္ဂလာမဆောင်ချင်လို့ ဂျစ်တိုက်ပြီးထွက်သွားတာလေ...
ညဧည့်ခံပွဲကိုလည်း ခဏသာနေပြီး မြို့ထဲကသူတို့နေဖို့မိဘတွေလက်ဖွဲ့ထားတဲ့ခြံနဲ့တိုက်ကို အစောကြီးပြန်သွား၏။

ညဧည့်ခံပွဲက Night Party .သဘောမို့ ဟိုတယ်တစ်ခုမှာသာကျင်းပပြီး လူငယ်တွေသာရှိသည်။ လူကြီးတွေက နေ့လယ်လက်ထက်ပွဲပြီးကတည်းက ပင်ပမ်းကာ အိမ်ပြန်နားကြသည်။ ညပွဲကိုလည်း လူငယ်တွေလွတ်လွတ်လပ်လပ်နေကြရအောင် မတက်ကြပေ။

ဒါကိုအခွင့်ကောင်းယူကာ အစောကြီးအိမ်ပြန်သွားတဲ့သူမ။ သူ့မှာသာ သူငယ်ချင်းတွေကတစ်ဖက် သူမကိုလည်းစိတ်မချနဲ့ နောက်ဆုံး သူတို့အိမ်ကကားမောင်းတဲ့ဦးလေးကိုအကူအညီတောင်းကာ ပြန်ပို့ခိုင်းလိုက်ရသည်။

သူမတစ်ယောက်တည်းကျ စိတ်မချပေ။ ပိုတယ်ပြောပြော သူမနဲ့ပတ်သက်လာရင် သူ့ဂရုစိုက်မှု့တွေက တစ်ခါတစ်လေ လိုနေသေးတယ်လို့ပင် ထင်မိသည်။

အခုတောင် ပါတီမှာသူ,မရှိရင်မဖြစ်လို့။ နှစ်ယောက်လုံးအိမ်ပြန်လို့က လုံးဝအဆင်မပြေ။ သတို့သမီးမရှိရင်တောင် ပွဲမှာ​သတို့သားကတော့ရှိနေရမည်လေ။ ကိုယ့်ပွဲဆိုတော့ လုပ်ချင်တိုင်းလုပ်၍ကမရ။ လူမှု့ရေးနဲ့အားနာသိတတ်မှု့ကရှိနေသေးသည်။ မဟုတ်လျှင် သူ့သဘောအတိုင်းသာဆို သူမနောက်ထပြန်ပြီးနေပြီဖြစ်သည်။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now