အပိုင်း (၄၂)

192 6 0
                                    

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...
အပိုင်း (၄၂)

သူကုသိုလ်ယူတာ ကောင်းကောင်းမယူရ။ ဘုရားပေါ်မှာ သူမကိုငေးကြည့်နေတဲ့မျက်လုံးအချို့ကြောင့် ဥစ္စာခြောက်နေရတာ ကျီးကန်းတောင်မှောက်...

ကောင်းမြတ်ရှင်းသန့်တို့ရဲ့ ဝဋ်ကြွေးကလည်းကြီးလိုက်တာ...
ရေသပ္ပါယ်ချင်တာတောင် ရရရဲ့လက်ကိုမလွှတ်ရဲဘူး...

"မောင် နင်ဘယ်လိုဖြစ်နေတာလဲ..."

အစက ဘုရားပေါ်ကုသိုလ်တွေခွဲဝေယူနေကြကာ ခဏအကြာတော့ ဘာတွေဗွေထဖောက်တယ်မသိ။ ဘုရားရှိခိုးနေတုန်းရရအနားရောက်လာကာ တောက်တက်တွေလို ရရအနားကမခွာတော့။ တံမြတ်စည်းလှဲတော့လည်း နောက်ကပါလာကာ ဘာလုပ်လုပ်လွတ်လွတ်လပ်လပ်မရှိ။

မားနဲ့ပါးက သူတို့မွေးနံမှာသက်စေ့ပုတီးစိပ်ကာ ကုသိုလ်ယူနေသလို တီမေနဲ့တီဖေကလည်း ဂြိုလ်စောင်းမှာ ပုတီးစိပ်ရင်းအဓိဌာန်ဝင်နေ၏။

ခုလည်း သူကသူမရဲ့လက်ကလေးမလွှတ်တမ်းကိုင်ထားတာမို့ ရရတော်တော်တင်းနေလေ​ပြီ။

"မောင် ဘုရားပေါ်ကြီးမှာ..."

"သိတယ်..."

/ကျွတ်! မောင်က ဘာဖြစ်ချင်နေတာလဲ?/

"လာခဲ့! "

ဆွဲခေါ်ရာနောက် ကတိုက်ကရိုက်ပါလာခဲ့တော့ လူရှင်းတဲ့ခရေပင်ကြီးတွေနားရောက်တော့မှ မောင်ကလွှတ်ပေးသည်။

"ပြော!.. ဘာကိစ္စအလှတွေအဲ့လောက်ပြင်လာရတာလဲ? "

မျက်မှောင်ကြုံ့ကာခပ်တည်တည်မေးနေတာကြောင့် ရရတကယ်စိတ်ညစ်မိသည်။ မောင်က အတည်တင်းနေတာ..

"ဟာ! ဘယ်မှာပြင်လာလို့လဲ? မောင် နင်မရစ်နဲ့နော်... ပြဿနာရှာချင်အိမ်ကျမှရှာ!.. ဖယ်!... ဘုရားမှာ အခြားသူတွေမြင်သွားရင်မကောင်းဘူး..."

ခရေပင်ကိုပတ်လည်ပြုထားတဲ့အုတ်ခုံအဝိုင်းလေးဘေး အုတ်ခုံအဝိုင်းနဲ့သူ့ရင်ဘတ်ကြား သူမကိုညှပ်၍ အုတ်ခုံပေါ်လက်နှစ်ဖက်လှမ်းထောက်ရင်းပြောနေတာကြောင့် ရရသူ့ရင်ဘတ်ကို တွန်းဖယ်နေမိသည်။

"ဘယ်သူမှမရှိဘူး..."

သူဖယ်ပေးပေမယ့် ဘုရားရင်ပြင်ဆီသူမကိုပြန်မသွားစေသေးဘဲ အုတ်ခုံပေါ်မှာထိုင်စေသည်။ ရောက်နေတာက မန္တလေးတောင်ခြေက စန္ဒာမုနိဘုရား။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now