အပိုင်း (၄၀)

512 9 0
                                    

နှလုံးသားဖြင့်ရစ်ပတ်နှောင်ဖွဲ့၍...
အပိုင်း (၄၀)

"သားထည့်စားနော်... ဘာမှအားမနာနဲ့...
ကိုယ့်အိမ်ကိုယ့်ရာလိုသဘောထား... လိုတာရှိလည်းပြော... ဟုတ်လား..."

"ရပါတယ်ဗျ... ကျွန်တော်နေရတာအဆင်ပြေပါတယ်..."

ဟွန့်! သွန်သွန်းမျက်နှာလေးမဲ့မိသည်။ မေမေတို့များ ကိုယ့်သမီးအရင်းကျအဖက်မလုပ်ဘဲ သွေးမတော်သားမစပ်တဲ့သူကိုကျ မေတ္တာတွေပိုပြနေ၏။

"အငယ်မ... အဲ့ဒီမျက်နှာကဘာဖြစ်တာလဲ? ညည်းဘာတွေတွေးနေလဲ မေမေသိတယ်နော်... ညည်းအတွေးတွေက မျက်နှာမှာပေါ်နေတယ်..."

/သိရင်လည်းပြီးပြီပေါ့... ဘာလို့ပြောနေသေးလဲ?/

"ကိုယ့်အစ်ကိုကခဏလာနေတာကို... ကောင်းကောင်းဆက်ဆံ..."

မိုးလင်းလင်းချင်း မအေဆီကအဆူအငေါက်ခံရတာမို့ သက်ဆိုင်သူဆီဘုကြည့်ကြည့်မိတော့ သူမကိုပြုံးကြည့်နေ၏။

/ဟင့်! မကျေနပ်ပါဘူး...
အမြင်ကိုကပ်တယ်.../

မနက်စာစားနေရင်းကကို မြိုမကျချင်တော့...
မသိဘူး...
သူ့ဘာသာသူဘာမှလုပ်မနေလည်း သွန်းသွန်းကတော့အမြင်ကပ်တာပဲ...

အဲ့ဒီချောနေတဲ့ရုပ်ကြီးကို နဲဲနဲမှကြည့်မရ။ အားနေ သွန်းသွန်းကိုရင်ခုန်အောင်လုပ်နေလို့ကိုကြည့်မရတာ...

ဒေါက်!

အ့!
လက်သံပြောင်တဲ့မေမေက စကားထက်အရင် သွန်းသွန်းရဲ့ခေါင်းကိုလက်ကရောက်သည်။

စားထားတာတွေတောင်ပြန်အန်ထွက်တော့မယ်...

"ပြောနေရင်းကိုအချိုးကမ​ပြေဘူး... အဲ့ဒါဒေါက်တာကိုဘယ်လိုကြည့်နေတာလဲ? မိသွန်းနော်... မေမေမကြိုက်ဘူး..."

"မေမေကလဲ..."

"ဘာမေမေကလဲလဲ? မြန်မြန်စား... ပြီးရင် ညည်းအဖေကိုစာရင်းဇယားတွေသွားလုပ်ကူချည်... "

"ဟုတ်..."

ပိတ်ရက်ကိုနားရမလားမှတ်တယ်... မေမေတို့ကခိုင်းဖို့ကြည့်ပဲ။

စူပွပွမျက်နှာလေးက ယိုသုတ်ထားတဲ့ပေါင်မုန့်ကိုကိုက်ချီရင်း ခုံကထဖို့ပြင်သည်။ မသိရင် ခွေးပေါက်စလေးတွေလို...

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now