အပိုင်း (၃၄)

459 6 0
                                    

String that bands with heart
အပိုင်း (၃၄)

ခုဆို ဒယ်ဒီရဲ့ကုမ္ပဏီမှာ သူအလုပ်ဝင်နေတာ တစ်ပါတ်လောက်ပင်ရှိပြီ။

လက်ထပ်ထားတာတစ်လနီးပါးရှိနေပေမယ့် သူနဲ့သူမလေးကတကျက်ကျက်ပင်။ သူကအမြဲအလျော့ပေးအလိုလိုက်ပေမယ့် သူ,မကြိုက်တာတွေတာရွေးလုပ်တဲ့သူမလေးက သူ့ကိုတမင်ပညာပေးနေတာ​မှန်းသိသည်။ ထိုအချိန်တိုင်း စိတ်ဆိုး၊ဒေါသထွက်ရထွက်ပေမယ့် နောက်ဆုံးအရှုံးပေးရတာလည်း သူသာဖြစ်သည်။ သူကမှမနေနိုင်ဘဲ။ ချစ်မိသူကအရှုံးပေါ့...

သူမလေးကတော့သူ့ကိုတမင်စိတ်ဒုက္ခပေးဖို့များ ကြံရွယ်ထားလားမသိ။ သူဘယ်လောက်အလျော့ပေးပေး သူသီးမခံနိုင်အရာတွေကိုသာရွေးလုပ်သည်။ ထိုအချိန်တိုင်း ဝုန်းဒိုင်းကြဲဖြစ်ကြပေမယ့် သူမကသာအနိုင်ရသူ။

ကျောင်းကိုတော့နှစ်ယောက်လုံးအဝေးသင်ပြောင်းလိုက်ကြရသည်။ နောက်ဆုံးနှစ်မို့ ဘွဲ့ရဖို့လည်းသိပ်မလိုတော့။

သူမက day သာဆက်တက်ချင်ပေမယ့် သူကသဘောမတူခဲ့။ သူ့အပေါ်အမြဲအရွဲ့တိုက်နေတဲ့သူမဆက်ပြီးအရွဲ့တိုက်မှာသိသည်။ ဒီလိုပုံစံနဲ့ သူမကို သူစိတ်မချနိုင်ပါ။ သူ,မကြိုက်တာတွေကိုအရွဲ့တိုက်လုပ်နေရင်းက အတည်ဖြစ်သွားမှာလည်းစိုးသည်။

အရွဲ့တိုက်နေမှန်းသိတာတောင် သူနဲနဲမှမခံစားနိုင်တာ။ တကယ်သာဖြစ်သွားရင် သူပဲရင်ကျိုးမှာ။

သူက ပိုင်သာပိုင်ထားတာမဆိုင်တဲ့လူတစ်ယောက်။ တရားဝင်လက်ထပ်ထားကြပေမယ့် သူမရဲ့အချစ်တွေကတော့ လိုက်လေဝေးလေ ဝေးနေဆဲပဲ။

လူကြီးတွေကလည်းလက်မခံကြတာကြောင့် သူမလေးအဝေးသင်သာဆက်တတ်ရသည်။ ဒီကိစ္စနဲ့ပတ်သက်ပြီးလည်း သူမသူ့ကိုမကျေနပ်ပါ။ သူမပြောခဲ့တဲ့စကားတစ်ခွန်းကို သူမှတ်မိနေသေးသည်။ ရင်ကိုခွဲပြီး နှလုံးသားကိုသံမှိုရိုက်ခဲ့တဲ့နေ့...

"နင်က ငါ့ရဲ့လွတ်လပ်မှု့တွေကိုချုပ်ကိုင်ခဲ့တဲ့သူပဲမောင်... ငါ့ရဲ့ချစ်ခြင်းမေတ္တာတွေကိုအရောင်စိုးတယ်... ငါမပျော်ဘူး... အဲ့လိုပဲ နင်လည်းဘယ်တော့မှမပျော်ရွှင်​စေရဘူး... ငါအမြဲတမ်းအရွဲ့တိုက်နေမှာ... နင်ငါ့ကိုစိတ်ကုန်ပြီးလက်လွှတ်ပေးမယ့်နေ့အထိ... နင့်ကို ငါ အရမ်းမုန်းတယ်..."

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now