အပိုင်း (၃၇)

609 13 0
                                    

String that bands with heart
အပိုင်း (၃၇)

"မုန့်ဟင်းခါးပူပူလေး... တစ်ပွဲသုံးရာ နှစ်ပွဲငါးရာ... မနက်စာမစားရသေးတဲ့သူတွေဝင်စားသွားနော်... အိုးဘဲဥနဲ့ဆို နှစ်ပွဲတစ်ထောင်... အသားလည်းပါတယ်..."

ဆိုင်ရှင်ဦးလေးကြီးက ခုံတွေကိုနေရာချကာ စားပွဲကိုအဝတ်နဲ့သုတ်ရင်း ဆိုင်ခင်းနေ၏။ ဆိုင်သေးလေးမို့ နေရာချတာရော ဆိုင်ခင်းတာရော မုန့်ပြင်တာပါ သူတစ်ယောက်တည်း လက်မလည်အောင်လုပ်​နေရသည်။

ခုလည်း ခုံအလွတ်တွေကိုအဝတ်စနဲ့သုတ်ကာ စားပွဲဝိုင်းပေါ်က စားပြီးသားပန်းကန်တွေကိုသိမ်းနေရင်းအော်ရောင်းနေ​​ပြန်၏။

ရရလှမ်းကြည့်တော့ လက်တွန်းလှည်းလေးဖြင့် ဆိုင်ပတ်လည်တွင် ကော်ထိုင်ခုံအသေးသုံးလေးခုကိုတစ်ဝိုင်းဖြင့် စားပွဲဝိုင်းသုံးခုလောက်သာရှိမည်။

မုန့်ဖတ်တွေ၊ပစ္စည်းတွေ၊ပန်းကန်ခွက်ရောက်တွေ တင်ထားတဲ့တွန်းလှည်းကြီးရှေ့တွင်တော့ ခုံတန်းရှည်တစ်ခုချပေးထားသည်။ ထိုခုံတန်းရှည်ပေါ်တွင် မုန့်ဟင်းခါးသောက်နေကြသော လူအနည်းငယ်ရှိသည်။ စားပွဲဝိုင်းတွေကတော့ စားသူထသွားတာမို့ လွတ်လပ်နေ၏။ ရရမျက်လုံးလေးတွေလတ်ခနဲ။

ဆိုင်ဘက်သွားရန်ပြင်လိုက်ပြီးမှ နောက်ကမောင်ပါလာတာကိုသတိရသည်။ ထို့ကြောင့် ခြေလှမ်းတွေကို အမြန်ထိန်းချုပ်လိုက်ရင်း ဆန့်ကျင်ဘက်အရပ်ကိုဦးတည်၍ မျက်နှာလွှဲလိုက်သည်။ သူမမောင်နဲ့စကားမပြောချင်။

ဒါကိုကောင်းမြတ်ရှင်းသန့်ကလည်းသိသည်။ နောက်ကနေ ပုခုံးလေးကိုထိန်းကိုင်ကာလျှောက်လာရင်း မုန့်ဟင်းခါးဆိုင်ရှေ့အရောက် ရရဖြစ်ပျက်သွားပုံကို သတိထားမိလိုက်သည်။

နဂိုကတည်းက အရိပ်တကြည့်ကြည့်ကြည့်နေတာကြောင့် ရရဘာဖြစ်တယ်၊ဘာလုပ်ချင်တယ်ဆိုတာ အပြုအမူလေးတစ်ချက်၊လှုပ်ရှားမျို့လေးတစ်ချက်နဲ့တင် သူတန်းသဘောပေါက်သည်။

"ဟား! ဗိုက်ဆာလိုက်တာ..."

မုန့်ဟင်းခါးဆိုင်ရှေ့ ခြေလှမ်းငါးလှမ်းလောက်လှမ်းပြီးတယ်ဆိုရင်ပဲ မောင်ကစကားစသည်။

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now