အပိုင်း (၁၉)

421 9 0
                                    

String that bands with heart
အပိုင်း (၁၉)

"ဟာ တီမေ... မနက်စာကမုန့်ဟင်းခါးလား...
ရရအကြိုက်ပဲ... မိုက်တယ်... ဆွဲပြီ..."

ပြောလည်းပြောရင်း ခုံလေးမှာဝင်နေရာယူကာထိုင်စား၏။ မောင်ကဘေးနားအဆင်သင့်။

"ဟုတ်တယ်သမီးရဲ့... သမီးကြိုက်တယ်ဆိုလို့မနက်အစောကြီး စျေးသွားပြီးချက်ပေးထားတာ..."

"အဟင်း... အဲ့ဒါကြောင့်တီမေကိုရရကချစ်နေရတာ... အရမ်းကောင်းတယ်... ရှယ်ပဲ..."

ခေါင်းမဖော်တမ်းငုံ့စားနေရာမှ ရရကလက်မကလေးထောင်ပြသည်။ လိုချင်တာရရင် ထာဝရမေတို့ကအဲ့ဒီလို။ ချွဲတတ်တဲ့နေရာမှာ နှစ်ယောက်မရှိလေး...

"ဘာမှမဟုတ်ဘူးမာမီ... သူစားကောင်းအောင်လျှောက်ပြောနေတာ... ပြောတိုင်းယုံမနေနဲ့..."

ဘေးခုံကနေ ရရလိုအပ်တာဖြည့်ဆည်းပေးနေ​သော ကောင်း​မြတ်ရှင်းသန့်က ဝင်ပြောသည်။

"အောင်မာ... တကယ်စားလို့ကောင်းလို့ကောင်းတယ်ပြောတာ... နင်ဘာမှမနာလိုဖြစ်နေနဲ့မောင်... ငါနဲ့တီမေကြားသွေးခွဲချင်နေတာ... မသိခက်မယ်..."

"ငါဘာမှသွေးမခွဲဘူး... မြင်တဲ့အတိုင်းပြောနေတာ..."

"မောင်... နင်... ဟွန့်! တော်ပြီ... အစားကောင်းစားနေရင်းရန်မဖြစ်ချင်ဘူး... နင်နဲ့နောက်မှပြောမယ်..."

သူ့ကိုမျက်စောင်းလှလှလေးထိုးကြည့်ရင်း အဆိုး​လေးက မာမီ့ဘက်လှည့်သွားပြန်၏။

"ဒါနဲ့ ဦးဖေရောအလုပ်သွားပြီလားဟင်..."

"သွားပြီသမီးရဲ့... မနက်အစောကတည်းကသွားတာ..."

"ဪ...."

"ကိုယ်အိပ်ယာထတဲ့အချိန်ကိုလည်း ပြန်ကြည့်ဦးလေ... နေမွန်းတည့်တော့မယ်... သူများတွေကအလုပ်နဲ့အကိုင်နဲ့.... ဘယ်သူမှနင့်လိုမဟုတ်ဘူး..."

"ဘာ!! မောင်__နင်... တောက်!!!...
ညကဉာဉ့်နက်မှအိပ်ရတာလည်း ထည့်ပြောလေ..."

"ငါကျ​တော့​ရော... နောက်​ပြီး နင့်ဘယ်သူကအတင်းသွားကြည့်ခိုင်းလဲ? ငါတောင်အစောထနိုင်သေးတာ..."

မနေ့ကရှိုးပွဲမှာ သူမကြောင့်ရန်ဖြစ်လာရတဲ့မောင်ကမကျေမနပ်။ ညကကိစ္စကို မောင်ကအခုထိအစာမကျေသေးပုံပါ...

နှလုံးသားဖြင့် ရစ်ပတ်ဖွဲ့နှောင်၍...Where stories live. Discover now