Unicode
မင်္ဂလာဆောင်နေ့မို့ အားလုံးက စံအိမ်ကြီးထဲတွင် အလုပ်ရူပ်နေကြတာဖြစ်သည်။ နေ့လည်ပိုင်းက လက်မှတ်ထိုးပွဲဖြစ်ပြီး ညပိုင်းက ဒင်နာပွဲဖြစ်သည်။ ပြီးတာနဲ့ ကိုယ်ပိုင်လေယာဉ်ဖြင့် ခရီးတန်းထွက်တော့မှာဖြစ်ပြီး သတို့သားနှစ်ယောက်ချက်ချင်းအနားယူတော့မည်မဟုတ်ပေ။
အခုထက်ထိ မထသေးသည့် Taehyung ကိုနှိုးရန်အခန်းဘက်သို့ ပြန်တက်လာခဲ့သည်။ မနက်စာအဆင်သင့်ဖြစ်နေပြီဆိုပင်မဲ့ တစ်ယောက်တည်းမစားချင်တာလည်းပါသလို နေမြင့်တဲ့အထိအိပ်ရင် ခေါင်းကိုက်သွားမှာဆိုး၍လည်းဖြစ်သည်။
စောင်တွေကြားထဲတွင် လုံးထွေးနေသည့် ကိုယ့်အပိုင်ကို ကြည့်လိုက်သည်။ ဒီနေ့ လက်ထပ်ပွဲဆိုတာရောသတိရနေရဲ့လားမသိဘူး။ ဆေးတွေသောက်နေရတာမို့ Taehyung က ဆေးရှိန်တွေနဲ့ ဒီတစ်ပတ်ကို တော်တော်ကို အိပ်တတ်လာတာဖြစ်သည်။
ကုတင်ပေါ်သို့တက်လိုက်ကာ မျက်နှာကို စောင်ဖြင့် အုပ်ထားနေခြင်းကြောင့် စောင်စလေးကို ဖယ်လိုက်သည်။ ပါးလေးကို လက်ညိုးလေးဖြင့် ထိလိုက်ရင်း Jeon Henry က ပြုံးလိုက်မိသည်။
Kim Taehyung ကသူ့ထက် ၂နှစ်ကြီးပင်မဲ့ အပြုအမူများနဲ့ စိတ်ကတော့ Jeon Henry ထက် ၂နှစ်ငယ်သည်။
မျက်လုံးလေးခပ်မှေးမှေးတစ်ချက်ပွင့်လာကာ Jeon Henry ကိုကြည့်ပြီး ပြန်မှိတ်သွားလေသည်။
"Jeon Baba လေးတို့ကကွာ...ဒီနေ့ လက်ထပ်ပွဲဆိုတာကိုရော သတိရပါသေးရဲ့လား..."
ထိုအခါမှ စောင်တွေကြားထဲကနေ ဆတ်ခနဲ ထထိုင်လာသည်။ မျက်လုံးပြူးလေးဖြင့် Jeon Henry ကိုကြည့်လိုက်တော့ ရယ်လိုက်မိသည်။ ဆံပင်လေးတွေက ထိုးထိုးထောင်ထောင်ဖြင့် မျက်နှာလေးက ကြောင်တောင်တောင်ပုံစံလေးဖြစ်နေတာ အရမ်းကို ချစ်စရာကောင်းနေသည်မလား။
"ဟုတ်တာဘဲ...ဒီနေ့က လက်ထပ်ပွဲနေ့..."
"ဟုတ်တယ်လေ...Jeon Taehyung ဖြစ်ဖို့ တရားဝင်နေ့ကို မမှတ်မိတာလား...ကိုယ်ကတော့ အများကြီး ပြင်ဆင်ထားရတာနော်...ကိုယ့်စေတနာကို သေးနဲ့ပန်းတာတော့မဟုတ်ဘူးမလား..."