32

1.3K 114 9
                                    

" လူနာ သန့်ရှင်းရေးခဏလောက်လုပ်ပါမယ် "

" ဟုတ်ကဲ့ ဝင်ခဲ့ပါ "

ဆေးရုံခန်းထဲ Jungkook ရဲ့မိဘတွေရော Jungkook နဲ့ပေးစားဖို့စီစဥ်ထားတဲ့မိန်းကလေးပါ မရှိတဲ့အချိန် Taehyung စောင့်ကြည့်ပြီး သန့်ရှင်းရေး လုပ်ရန်ဝင်လာခဲ့သည်..

Jungkook ကိုဆေးရုံမှာ တွေ့ပြီးထဲနေ့က ထိုဆေးရုံမှာအချိန်ပိုင်းအလုပ်ရရန် သန့်ရှင်းရေးဝန်ထမ်းတွေကို ညဘက်စကားပြောရင်း အကူအညီတောင်းလိုက်ရာကနေအလုပ်ရသွားခြင်းဖြစ်သည်..

သန့်ရှင်းရေးလှည်းကိုတွန်းကာ အခန်းတခုလုံး
သန့်ရှင်းရေးလုပ်ရင်း ချစ်ရသူရဲ့မျက်နှာလေးကိုလည်း ခိုးခိုးပြီးကြည့်နေမ်သည်..မက်စ်တက်ထားတာကြောင့် Jungkook ကတော့ Taehyung ရဲ့မျက်နှာကိုမမြင်ရ မြင်ရလည်းမမှတ်မိနိုင်တဲ့အခြေအနေ..

Taehyung အခန်းတခုလုံး ကြမ်းတိုက်ပြီးလို့ တွန်းလှည်းကိုတွန်းကာ ထွက်သွားဖို့အလုပ် ကုတင်ပေါ်ကနေဆင်းလာတဲ့ Jungkook ကားတိုက်မှုကြောင့် ခြေထောက်ပါ အနည်းငယ်ထိခိုက်ထားတာကြောင့် ကုတင်ပေါ်ကအဆင်းမှာ ခြေ ထောက်မထောက်နိုင်ပဲခွေလဲကျမလိုဖြစ်သွားချိန် Taehyung အချိန်မှီပြေးတွဲလိုက်တော့ Jungkook ကလည်း Taehyung ပခုံးလေးကိုဖက်လို့ထားသည်..

" အဆင်ပြေရဲ့လား "

နီးကပ်နေတဲ့အနေအထားမှာ Taehyung ရဲ့အသံက အရမ်းကိုစိုးရိမ်နေတဲ့အသံပေါက်လို့နေကာ မျက်ဝန်းအကြည့်တွေကလည်း စိုးရိမ်မှုအပြည့်ဖြင့် ကြည့်နေမိသည်..

မျက်နှာတခုလုံးမျက်လုံးလေးနှစ်လုံးသားပေါ်နေတဲ့ Taehyung..Jungkook ဘက်ကလည်း သူသိပ်သဘောကျခဲ့ရတဲ့ မျက်ဝန်းညိုလေးတွေကို သေချာစိုက်ကြည့်နေမိသည်.

" ဟုတ်ကဲ့ပြေပါတယ် "

" ဘယ်သွားချင်လို့လည်း ကျွန်တော်လိုက်ပို့ပေးမယ်"

" အကို အပေါ့သွားချင်လို့ ကူညီပေးနိုင်မလား "

" ရပါတယ် "

Taehyung ရဲ့ပခုံးလေးကိုတွဲခိုထားသလို Taehyung ကလည်း Jungkook ရဲ့ လက်တဖက်ကိုတွဲကာ ခါးလေးကိုထိန်းကာဖက်လို့သန့်စင်ခန်းရှိရာသို့ လိုက်ပို့ပေးကာ အခန်းဝမှာရပ်စောင့်ပေးနေသည်..

𝙾𝚗𝚕𝚢 𝚄 (Complete) Where stories live. Discover now