သံုးဆယ့္ငါး(U+Z)

1K 104 17
                                    

Unicode

အဖြူရောင်ပန်းစည်းစက္ကူတွေရဲ့အလယ်၌ နီရဲရဲနှင်းဆီပွင့်တွေဟာ တောက်ပလွန်းကာ လှပနေသည်။ပွင့်ဖတ်များသည့်အနီရောင်နှင်းဆီပွင့်လေးတွေ၌ ရေစက်ကလေးတွေဟာ ပုန်းသျှိုနေကြသေးသည်။ပန်းကလေးတွေနဲ့ယှဉ်တွဲကာ မြင်နေရသည့် အမျိုးသမီးမျက်နှာသည် ကျေနပ်နေဟန်၊တစ်စုံတစ်ရာကို သဘောကျနေသည့်ဟန်။

"ချစ်သူသက်တမ်းသုံးလပြည့်အတွက်ပါရီ"

       ဆေးရုံအထိလာပြီး အချစ်ပိုနေတဲ့ ဒီအမျိုးသမီးကို မြတ်နိုးရပြန်သည်။ညဂျူတီဆင်းထားသည်မို့
စိတ်မလန်းဆန်းသော်လည်းသောကြာသမီးလေးရဲ့
အပြုံးကြောင့်သာ ရှင်သန်နိုင်တော့သည်။
သောကြာသမီးလေးဟာအကြိမ်ကြိမ်အခါခါ
မြတ်နိုးစရာကောင်းလိုက်လေခြင်း။

"မမကွာ ဘာမှလည်းကြိုမပြောဘူး"

"သေချာကြိုမပြောတာလေရီရဲ့။ညဂျူတီဆင်းရလို့ပင်ပန်းနေလားဟင်"

"အင်း နည်းနည်းပင်ပန်းတယ်။အခုတော့မမရဲ့အပြုံးတွေကြောင့် ပင်ပန်းတာတွေမရှိတော့ဘူး"

"အို ရီက စကားသိပ်တတ်တာပဲ"

"မမကိုချစ်လို့ပါနော်"

"အခု မမတို့အိမ်သွားရအောင်ရီ"

"အန်တီနုအိမ်ကိုလား။ကိစ္စရှိလို့လားဟင်"

"အင်း ရှိတယ်ဆိုပါတော့"

       တစ်ခုခုကိုစဉ်းစားပြီးမှ ကြွယ်ဟာ ထိုစကားကိုဆိုလေသည်။
ကြွယ့်စကားကို ဧကရီသည် ဘယ်အင်အားနဲ့ငြင်းနိုင်ပါ့မလဲ။ဘယ်သတ္တိနဲ့များ ငြင်းပယ်နိုင်မှာတဲ့လဲ။

"မမသဘောလေ။ပန်းစည်းကလေးအတွက်ကျေးဇူးပါမမ။နောက်ပြီး ချစ်တယ်မမ"

"တို့လည်းသိပ်ချစ်တယ်ရီ"

         လက်ကလေးကို တွဲလိုက်သည်နဲ့ နှုတ်ခမ်းတစ်စုံဟာအလိုလိုပင်ပြုံးမိသည်။ချစ်ခြင်းမေတ္တာကိုဖလှယ်ကြသည်မှာ သုံးလရှိသော်လည်း ရင်ထဲမှအချစ်တွေသည် ထိုအချိန်ကာလထက်အဆပေါင်းများစွာပိုလာလေသည်။ချစ်ရသူရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရတဲ့ အခိုက်အတန့်တွေဟာ အတော်ပင်ကြည်နူးစရာကောင်းလွန်းနေသည်။ဘယ်နေရာကိုပဲ ဦးတည်နေပါစေ ဒီလိုနေ့မျိုးမှာ နှစ်ယောက်အတူရှိနေရသည်ဆိုတဲ့အသိနဲ့တင် ဧကရီအတွက် ပျော်စရာကောင်းလွန်းနေသည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now