လေးဆယ့်ရှစ်(U+Z)

762 84 20
                                    

Unicode

နေဝင်ပျိုးစအချိန်ရဲ့ညနေခင်းအလှသည် တည်ငြိမ်ကာ လှပလွန်းနေသည်။ခပ်ညိုညိုတိမ်တွေနဲ့အနက်ရောင်
ငှက်ကလေးတွေသည် အရောင်မလိုက်ဖက်သော်ငြား ပြီးပြည့်စုံလွန်းနေသည်။ကာလာစုံတဲ့ကားတွေကြား အတင်းတိုးဝင်မောင်းနှင်ခဲ့သော်လည်းအိမ်ထဲခြေချလိုက်သည်နဲ့ ကြားရသည့်စကားလုံးတွေသည်မောင့်နှလုံးသားကို အသွားထက်သည့်ဓားတစ်ချောင်းနဲ့ထိုးစိုက်လိုက်သလိုပင် စူးအောင့်သွားစေသည်။လှပသည့်နေဝင်ချိန်သည် မောင့်အတွက်တော့ မလှပခဲ့တော့ပေ။

"သမီးလေးနေမကောင်းဘူးမမလေး"

"အခုဘယ်မှာလဲအထွေး"

"အပေါ်မှာပါမမလေး"

          တစ်ဖက်လူကိုပင်တုံ့ပြန်ခြင်းမရှိဘဲ မောင့်ခြေလှမ်းတွေသည် အပေါ်ထပ်ကိုသာ တရစပ်ဦးတည်လေသည်။အခန်းတံခါးကိုဖွင့်လိုက်ချင်းမှာပင်
ကလေးကိုချီထားတဲ့နုကိုတွေ့ရသည်။ဒီလူသားနှစ်ယောက်ကိုမြင်လိုက်သည်နဲ့ အမောပြေရသော်လည်း စိတ်ထဲ၌ ပူပန်နေမိသေးသည်။

"မောင်"

"အန်တီ သမီးလေးနေမကောင်းဘူးဆို။
မောင့်ကိုလည်းဖုန်းမဆက်ဘူး။ဘယ်လိုဖြစ်တာလဲ။အခုရော သက်သာသွားပြီလား"

        မေးခွန်းတွေကများလွန်းနေသည်မို့
ဘယ်ကနေစဖြေရမလဲဆိုတာကိုပင် နုမသိတော့ပေ။
မောင့်မျက်နှာသည် တစ်စုံတစ်ရာကိုစိုးထိတ်နေသည့်ပုံစံဆိုတာ
သိသာထင်ရှားလွန်းနေသည်။သေချာသည်က သမီးငယ်လေးကိုစိတ်ပူနေခြင်းသာ ဖြစ်လိမ့်မည်။

"မေးခွန်းတွေများလိုက်တာမောင်ရယ်။တို့ဘယ်ကနေစဖြေရမလဲတောင်မသိတော့ဘူး"

"ဘယ်လိုဖြစ်တာလဲအန်တီ။မောင့်ရင်တွေပူနေပြီ"

"စိတ်ကိုအေးအေးထားနော်။တအားစိုးရိမ်စရာမရှိတော့ပါဘူးမောင်ရဲ့။
ရေချိုးတာကြာသွားလို့ကိုယ်လေးနည်းနည်းပူနေရုံလေးပါ။သမီးလေးကိုတို့ဆေးလည်းတိုက်ထားပြီးပြီ။ကိုယ်ပူလည်းအတော်ကျနေပြီမောင်ရဲ့"

           နဖူးပြင်ကျဉ်းကျဉ်းလေးကို မောင်သည်စိုးရိမ်တကြီးဖြင့် ထိတွေ့သည်။သာမာန်ထက်အနည်းငယ်မျှပူနေတာကိုအရေပြားမှတဆင့်
ခံစားမိသည်။ဘယ်လိုပဲဖြစ်ဖြစ် တနင်္လာသမီးလေးနှစ်ယောက်နဲ့ပတ်သက်ရင်တော့ မောင်စိတ်မပူဘဲမနေနိုင်ပေ။ရူးလောက်အောင်စိတ်ပူသလို သေလောက်အောင်စိုးရိမ်သည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now