Unicode
မနက်ခင်းနိုးချိန်၌ ရင်ခွင်ထဲတွင် တစ်စုံတစ်ရာလစ်ဟာနေသည်မို့ မောင့်စိတ်ထဲတစ်မျိုးပင်။တိုင်ကပ်နာရီကလေးကိုကြည့်မိတော့ ခုနစ်နာရီပင်ရှိနေသည်မို့ ရေချိုးခန်းကိုသာ အမြန်ဝင်ဖြစ်သည်။အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့သာ လာခဲ့သည်မို့ မောင့်အတွက် အထွေအထူးပြင်စရာမရှိ။ရေချိုးခန်းထဲက ထွက်ထွက်ချင်းမြင်ရသည့်အပြုံးတစ်ခုဟာ မောင့်ကမ္ဘာကိုပင်အလွယ်တကူ ဖြိုခွဲနိုင်လောက်သည်။
ဒီမနက်ရဲ့အလှပဆုံးနဲ့အချိုမြိန်ဆုံးအပြုံးလေးဟာ မောင့်နှလုံးခုန်နှုန်းတွေကို မြန်ဆန်လာအောင် ကျီစယ်လို့နေသည်။စိမ်းနုရောင်ဝမ်းဆက်နဲ့အမျိုးသမီးရဲ့အလှဟာ ရိုးရှင်းကာ မောင့်ရင်ကိုပင်ပကတိအေးစေသည်။နုအလှကခပ်ငြိမ်ငြိမ်လေးဆိုသော်လည်း မောင့်ရင်ထဲကို ဂယက်ထအောင်မွှေနှောက်နိုင်ခဲ့လေသည်။
"နိုးနေပြီလား။တို့ကအခုပဲနှိုးမလို့လာတာ"
"အင်း မောင်ကအန်တီပျောက်လို့ရှာနေတာ"
"ဟော တို့ကမောင်စားဖို့မနက်စာပြင်နေလို့။ဒီနေ့မောင်ကြိုက်တဲ့ရှမ်းခေါက်ဆွဲကို
တို့ကိုယ်တိုင်ပြင်ထားတယ်။"အန်တီကလည်းသက်သက်မဲ့အလုပ်ရှုပ်အောင်လို့"
"မရှုပ်ပါဘူးကွယ်။ကြီးကြီးလှနဲ့မနက်အစောဈေးလိုက်သွားပြီး လိုအပ်တာတွေဝယ်ပြီးပြင်ထားတာ"
"ဈေးအထိပါသွားတာလား"
"အင်းလေ ဘာဖြစ်လို့လဲ"
"တော်ပြီ မောင်မစားတော့ဘူး"
နှုတ်ခမ်းကိုဆူကာပြောသည့်မောင့်ပုံစံက တစ်စုံတစ်ရာကို မကျေနပ်နေဟန်။
"ဘာဖြစ်ရပြန်သလဲကွယ်။တို့က အပင်ပန်းခံပြီးလုပ်ထားတာကို"
"အန်တီအပင်ပန်းခံပြီးပြင်ထားလို့မစားရက်တာ။တော်ပြီအန်တီရာ နောက်ဆိုအဲ့လိုတွေမလုပ်နဲ့။မပေါ့မပါးနဲ့ကိုလျှောက်လုပ်နေတာ"
"ဟော ဒါကြောင့်လား။တို့အဆင်ပြေပါတယ်မောင်ရယ်။ဒီလောက်ကလေးလုပ်တာနဲ့တို့ကဘာဖြစ်မှာမို့လဲ။တို့အသာလေးလုပ်နိုင်ပါတယ်။စိတ်မပူနဲ့နော်။တို့ကလေးလေးကလေ တို့ကဘာများဖြစ်သွားတာလဲလို့"
ŞİMDİ OKUDUĞUN
"ေမာင့္ၾကင္နာသူ"(Ongoing)