နှစ်ဆယ်(U+Z)

2.8K 163 38
                                    

Unicode

"အေး မင်းပြောတာမမှားဘူး။မင်းနဲ့အိပ်လို့ကိုယ်ဝန်မရတာလည်းမှန်တယ်။မင်းထင်သလိုပဲ
ဒီကိုယ်ဝန်ဟာ သူစိမ်းယောက်ျားတစ်ယောက်နဲ့ရတဲ့ကိုယ်ဝန်ပဲ"

နုစကားကြောင့် အသိစိတ်ကင်းမဲ့လောက်သည်အထိ မူးနေတဲ့မောင်စိတ်တွေပင် ခန္ဓာကိုယ်ကိုပူးကပ်လို့လာသည်။ဒီစကား...။ချစ်ရတဲ့သူရဲ့နှုတ်ခမ်းပါးမှထွက်ဆိုလိုက်သည့်စကားဟာ မောင့်ကိုအလဲလဲအပြိုပြိုဖြစ်စေသည်။

"မင်း တို့ကိုမသတီတော့ဘူးမလား။ရွံ့ရှာမုန်းတီးတယ်မလား။တို့ကလည်းတို့သိက္ခာကိုစော်ကားတဲ့မင်းနဲ့အတူမနေနိုင်တော့ဘူး။ဒီအိမ်ကနေဆင်းမယ်"

ဗီရိုတံခါးကိုဖွင့်ကာ အဝတ်တွေကို ကုတင်ပေါ်ပစ်တင်နေတဲ့ နုကို မောင်အတိုင်းသားကြည့်နေမိသည်။ဆွဲထားဖို့အတွက်လည်းမောင့်စိတ်တွေက မဝံမရဲ။ကုတင်ဘေးမှာ ခွေခွေလေးထိုင်နေတဲ့မောင့်ကို နုဟာ တစ်စက်ကလေးမှမကြည့်ပေ။မျက်ဝန်း၌ကျနေတဲ့ နုမျက်ရည်တွေကိုလည်း မောင်တယုတယမသုတ်ပေးဖြစ်ပေ။

ကုတင်ပေါ်ကအဝတ်တွေဟာ အိတ်တစ်အိတ်ထဲကိုအကုန်ရောက်သွားချိန်၌ နုသည်လည်းအခန်းထဲကထွက်သွားလေသည်။ချစ်ရတဲ့မောင့်ကိုကျောခိုင်းကာ ထွက်ခွာခဲ့ရသည့်နုရင်ထဲ၌လည်း တဆစ်ဆစ်နာကျင်နေသည်။အိမ်ပြန်နောက်ကျရင်တောင်စိတ်ပူတတ်တဲ့မောင်သည် နေမကောင်းသည့်ကြားမှမိုးချုပ်တဲ့အချိန်အဝေးတစ်နေရာကိုထွက်သွားသည့်နုကို တစ်စက်ကလေးမှမတားဖြစ်ခဲ့ပေ။ကားသံလေးကြားပြီးနောက် မောင့်နှလုံးအိမ်တစ်ခုလုံးကြေကွဲကာ စူးနစ်လို့သွားလေသည်။

*

ဆေးရုံ၌ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်နေသော်လည်း စိတ်တော့ ထင်သလောက်မပါပေ။လူနာဆောင်မှအပြန် အခန်းဆီကို ပြန်လာခဲ့ရာ ဧကရီနဲ့တွေ့သည်မို့ စကားပြောဖြစ်သေးသည်။

"အန်တီနု နာနာနဲ့စကားများထားတာလားဟင်"

"သူဖုန်းဆက်တာလား"

"ဟုတ်တယ်အန်တီနု။မနေ့ညက သူတအားငိုနေတယ်အန်တီနုရဲ့"

"အင်း။ဒီအတိုင်းပါ။အထွေအထူးမဟုတ်ဘူးရယ်"

"ေမာင့္ၾကင္နာသူ"(Ongoing)Onde histórias criam vida. Descubra agora