သံုးဆယ့္ကိုး(U+Z)

2K 151 23
                                    

Unicode

"ရီ့ကိုလက်ထပ်ဖို့ မမထားဆီကခွင့်ပြုချက်လိုသေးလား"

        ဧကရီရဲ့နားရက်မှသာ သူမတို့နှစ်ဦးအချိန်ကြာကြာတွေ့ဖြစ်တော့သည်။ဒီစကားသည် ကြွယ်အလေးအနက်ထားကာ ပြောနေခြင်းပင်။ချစ်ရသူကိုပိုင်ဆိုင်ခွင့်ရဖို့အတွက် ခက်ခဲသည့်လုပ်ဆောင်မှုဖြစ်စေ၊လွယ်ကူသည့်လုပ်ဆောင်မှုဖြစ်စေကြွယ်လုပ်ဆောင်ဖို့အသင့်ပင်။

"ဟင် တီတီထားဆီကလား။တီတီထားက သဘောတူပါတယ်မမရဲ့"

"ဒါဆိုရင်တို့ခွင့်တောင်းစရာမလိုဘူးမဟုတ်လား"

"မမတစ်ခုခုဖြစ်နေလား"

"ဟင့်အင်း။တို့ဘာမှမဖြစ်ဘူးပါဘူးကလေးရဲ့"

        ဒါဟာ ချစ်ရသူကို ဝမ်းနည်မှာစိုးလို့သာ လိမ်လည်လိုက်မိခြင်း။"ထား"ကိုပြန်တွေ့သည့်နေမှစ၍ ကြွယ့်စိတ်တွေတည်ငြိမ်နိုင်စွမ်းမရှိတော့ပေ။

"မမက တီတီထားကိုကြောက်လို့လား။တီတီထားနဲ့မမသိတယ်ဆို"

"အင်း"

"လူနာတစ်ယောက်အနေနဲ့လို့ တီတီထားကပြောတယ် ဟုတ်လားဟင်"

       လူနာတစ်ယောက်အနေနဲ့တဲ့လား။သာမာန်လူနာတစ်ယောက်မဟုတ်ခဲ့ဘဲ နှလုံးသားလူနာတစ်ယောက်ဖြစ်ခဲ့သည်ဆိုတာကိုတော့ ငယ်ရွယ်လွန်းတဲ့ ဧကရီမသိနိုင်ပေ။

"အင်း လူနာပါပဲ။တစ်သက်တာမမေ့နိုင်တဲ့လူနာအဖြစ်နဲ့ပေါ့"

"ဟင် မမဘာကိုဆိုလိုတာလဲ"

"သြော် တို့ကမမထားအတွက် ကျန်းမာရေးချူချာတဲ့လူနာတစ်ယောက်လို့ပြောတာပါ"

"အဲ့လောက်တောင်ကျန်းမာရေးမကောင်းခဲ့တာလား။တော်ပါသေးရဲ့ အခုထိကျန်းမာပြီး ရီ့အနားမှာရှိနေလို့"

        ကြွယ့်ကိုပိုင်ဆိုင်ထားခြင်းဟာ ဧကရီ့အတွက် ရှားရှားပါးပါး ဘုရားပေးတဲ့ဆုလာဘ်လေးတစ်ခုလိုပင်။ဒီဆုလာဘ်ကလေးကို လွတ်ထွက်မသွားအောင် ဘုရားမှာအကြိမ်ကြိမ်ဆုတောင်းရလောက်သည်အထိ ကြွယ်ဆိုသည့် အမျိုးသမီးကို ဧကရီ့ရင်ထဲမှ နှစ်နှစ်ကာကာပင်ချစ်သည်။မြတ်နိုးသည်။

"ေမာင့္ၾကင္နာသူ"(Ongoing)حيث تعيش القصص. اكتشف الآن