သံုးဆယ့္ေလး(U+Z)

2.1K 155 25
                                    

Unicode

ဆေးရုံဆိုသည့် အမည်နာမကြားရင် တွန့်ဆုတ်မိတဲ့သူဟာ အမျိုးသမီးတစ်ယောက်ကြောင့် ထိုနေရာကိုသာ အခေါက်ခေါက်အခါခါပင် ခြေချမိတော့သည်။ချစ်ခြင်းမေတ္တာဟာ အတော့်ကို အစွမ်းထက်လွန်းနေလေသည်။ထိုနေရာကို လာသော်လည်း တစ်စုံတစ်ယောက်နဲ့ထိပ်တိုက်တွေ့မည်ကိုတော့ ကြွယ်သိပ်ကြောက်သည်။ထိုသူဟာ သေချာပေါက်နုပင်။မတော်တဆများတွေ့သွားရင် ဘယ်လိုပင်ဖြေရှင်းချက်ထုတ်ရလေမလဲ။အတွေးတွေများနေသည်မို့  ပုပုလုံးလုံးလေး ဘေးမှဖြတ်သွားသည်ကိုပင်မသိသလို ရှေ့မှာမတ်တပ်ရပ်နေတာကိုပင်သတိမထားမိတော့ပေ။

"မမ"

"ဟင် ရီ"

"ဘာတွေများတွေးနေရတာလဲ"

"ဟို တို့ဘာမှမတွေးပါဘူးရီရဲ့"

"အခုက ရီ့ဆီလာတာလား။အန်တီနုဆီကိုလာတာလားဟင်"

"အင်း သေချာပေါက်ရီ့ဆီကိုပဲပေါ့"

          နဖူးစပ်မှာခပ်ရေးရေးကျနေတဲ့ဆံနွယ်ကလေးတွေကို နားကြားထဲညှပ်ပေးရင်းဆိုလေသည်။အသေးအမွှားလေးကအစ ဂရုစိုက်ချင်မိသည်အထိပင်ချစ်ရသည်။

"အန်တီနုတော့ရင်ကျိုးတော့မှာပဲ။မမလိုညီမလေးရလို့လေ"

"အို တို့ကရီ့ကိုချစ်လို့ပါနော်။မမကိုတို့ချစ်ပါတယ်ရီရဲ့။ချစ်ပုံချစ်နည်းမတူရုံလေးပါ။ဒီမှာ တို့မုန့်တွေဝယ်လာတယ်။တို့ကလေးလေး ဂျူတီဝင်နေချိန်ဗိုက်ဆာနေမှာစိုးလို့"

"မုန့်အိတ်တွေကနှစ်အိတ်တောင်ပဲ"

"အင်း တစ်အိတ်က ဆေးရုံမှာစားဖို့၊နောက်တစ်အိတ်က အိမ်မှာစားဖို့လေ။တို့က ကလေးလေးကိုချစ်မိတော့ မုန့်နဲ့ပဲအပိုင်သိမ်းရမှာပေါ့"

"ရီ့ကိုကလေးများထင်နေတာလား။ကလေးမဟုတ်တော့ပါဘူးနော်"

"တို့ကလေးပဲလေ။မုန့်လာပေးတာကလေးလေးရဲ့"

       လက်ထဲက မုန့်အိတ်တွေကို လက်လွှဲပေးလိုက်တော့သည်။မုန့်အိတ်တွေကိုင်ထားသည် ဧကရီ့မျက်နှာဟာ ကျေနပ်နေဟန်။သဘောကျနေသည့်ဟန်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now