ႏွစ္ဆယ့္သံုး(U+Z)

2.9K 196 30
                                    

Unicode

ဧည့်ခန်းစားပွဲပေါ်၌ ဘီယာဘူးတွေကို မြင်တွေ့နေရသည်။ဘီယာဘူးတစ်ဘူးကိုကိုင်ကာသောက်နေတဲ့မောင့်ကိုမြင်ရတော့ ဧကရီပင် စိတ်မကောင်းဖြစ်မိသည်။နားရက်မလို့လာခဲ့ပေမယ့် သူငယ်ချင်းဖြစ်သူကိုအခုလိုမြင်လိုက်ရတော့ စိတ်ထဲနေရတာပင် တစ်မျိုးဆန်သည်။

"နာနာ"

"အင်း"

       အသံဟာ ပုံမှန်ထက်အနည်းငယ်မျှတိုးဖွကာ လေးပင်နေသည်။ဒီလိုပုံစံကို နုမြင်ရင်လည်း သဘောကျမှာမဟုတ်ပေ။

"အန်တီနုက ပြန်မလာဘူးလား"

"မလာဘူး။ငါ့ဆီကိုမလာဘူး။သူသွားရမယ့်သူရှိလို့နေမှာပေါ့"

       မောင့်အသံ၌ ဝမ်းနည်းမှုနဲ့လွမ်းဆွတ်မှုရောထွေးနေသည်။ဧကရီလည်း နုကိုအတတ်နိုင်ဆုံးပြောသော်လည်း နုက တင်းမာနေသည်မို့ ဆက်မပြောဖြစ်ဘဲ ငြိမ်နေခဲ့ရသည်။

"အန်တီနုက ဘယ်သူ့ဆီသွားမှာမို့လဲ။နင်နဲ့စိတ်ဆိုးရင် သူ့အိမ်ပဲပြန်မှာပေါ့"

"အဲ့ဒါနင့်အထင်လေ။သူသွားမှာ ဟို့လူဆီကိုလေ။ငါ့ကိုထားသွားပြီး အဲ့လူဆီကိုသွားမှာ"

"ဘယ်ကလူလဲနာနာရယ်"

"သီဟသက်နိုင်လေ။အဲ့လူဆီကိုပဲသူသွားမှာ"

         မောင့်စကားကြောင့် ဧကရီအတော်လေးအံ့သြသွားသည်။ဒီနာမည်ကိုဘာကြောင့်ရွတ်ဆိုရသလဲ။သက်နိုင်ရဲ့မင်္ဂလာသတင်းကို ဧကရီသိထားသည်မို့ ထိုစကားဟာ အထူးအဆန်းဖြစ်နေလေသည်။

"ဘယ်လိုသီဟသက်နိုင်ဟုတ်လား"

"ဟုတ်တယ်။နင်တို့ဆေးရုံကပဲလေ။အန်တီက သူ့ဆီကိုပဲသွားမှာ"

"မဖြစ်နိုင်တာနာနာရယ်"

"ဘာလို့မဖြစ်နိုင်ရတာလဲ။အခုအန်တီ့မှာကိုယ်ဝန်ရှိနေပြီ"

"ဘယ်လို တကယ်လား"

"အင်း အဲ့ကိုယ်ဝန်ကလည်းသူနဲ့ပဲဆိုင်တာ"

"မဟုတ်တာနာနာရယ်။ဒေါက်တာသက်နိုင်က မကြာခင်မှာလက်ထပ်တော့မှာ။အန်တီနုနဲ့လုံးဝမဖြစ်နိုင်ဘူး"

"ေမာင့္ၾကင္နာသူ"(Ongoing)Donde viven las historias. Descúbrelo ahora