သံုးဆယ့္ခုနစ္(U+Z)

1.6K 119 14
                                    

Unicode

လူရှုပ်ရှုပ်တွေကြား၊လူမျိုးပေါင်းစုံတွေကြား အမျိုးသမီးတစ်ဦးကိုသာအသည်းအသန်ရှာနေတဲ့ ချစ်ရသူရဲ့လက်ကိုသာ မြဲအောင်ဆွဲထားရသည်။
တွေ့ချင်လွန်းသည့်သူဟာရှာနေသော်လည်း တွေ့ရမည့်သူဟာ အတော်လေးစိုးထိတ်ကာကြောက်ရွံ့လို့နေသည်။မျက်စိရှေ့၌ ဖြတ်သွားနေတဲ့သူတွေအများကြီးရှိသော်လည်း အခုချိန်ထိ ရှာနေတဲ့သူကိုမတွေ့သေးပေ။

"ဟိုမှာ တီတီထား"

         တစ်နေရာကိုကြည့်ကာ ဝမ်းသာအားရဖြင့်ပြောနေသည့် ဧကရီ့ကြောင့် ထိုနေရာကိုကြွယ်ကြည့်မိသည်။လူရှုပ်ရှုပ်ကြားမှာ အပြာနုရောင်အကျီင်္နဲ့ခဲရောင်စတိုင်ပန်ကိုတွဲဖက်ဝတ်ဆင်ထားသည့်အမျိုးသမီးကို ရှင်းရှင်းလင်းလင်းပင်တွေ့ရသည်။မျက်နှာထက်ဝယ်မျက်မှန်အနက်ရောင်တပ်ဆင်ထားသည်မို့ မျက်နှာတစ်ခုလုံးကိုတော့ ထင်ရှားစွာမတွေ့ရသေးပေ။သို့သော်လည်း ဒီမျက်နှာသည်ကြွယ့်အတွက်
အတော်လေးရင်းနှီးသလိုခံစားရသည်။အသေအချာမြင်ဖူးသလိုခံစားရသည်။

လက်ပြနေသူကြောင့် တဖြေးဖြေးနဲ့လျှောက်လှမ်းလာတဲ့အမျိုးသမီးရဲ့
ခြေလှမ်းတွေဟာလည်း ရင်းနှီးသလို။နီးကပ်လာသည့်အချိန်မှ တပ်ဆင်ထားသည့်မျက်မှန်ကိုဖယ်ရှားလိုက်သည်မို့ ကြွယ့်ရင်ထဲလှုပ်ခနဲပင်။အသွေးအသားတွေဆူပွက်ကာ ဝဲဘက်ရင်အုံမှနာကျင်မှုကိုခံစားလာရသည်။အမြင်အာရုံတွေကိုပင် မယုံနိုင်လောက်အောင် အတော်လေးဆွံအသွားရသည်။တစ်ဖက်ကအမျိုးသမီးရဲ့ မျက်နှာ၌လည်း အံ့သြမှု၊ဝမ်းနည်းမှုတွေဟာ ဆတူရောယှက်ကာပေါ်လွင်နေသည်။ဝမ်းနည်းရိပ်သမ်းနေတဲ့ မျက်ဝန်းအစုံဟာငိုဖို့အတွက်အစပြုနေလေပြီ။မယုံကြည်နိုင်ခြင်းများစွာနဲ့တွေ့ရသည်မို့ နှစ်ဦးရင်ထဲ အတော်လေးလှုပ်ခတ်နေလေသည်။

"တီတီထား"

"မမထား"

        လူနှစ်ဦးရဲ့အမျိုးသမီးတစ်ယောက်ကိုခေါ်တဲ့အမည်နာမဟာ အတော်လေးကွဲပြားလေသည်။မမထား...။
ကြွယ့်နှုတ်ခမ်းပါးမှလိုလားစွာခေါ်ဆိုလိုက်သည့်နာမ်စားဟာ
မမထား...။
မြတ်နိုးမှုတွေနဲ့ခေါ်တာဖြစ်နိုင်သလို နာကျည်းချက်တွေနဲ့ခေါ်တာလည်းဖြစ်ကောင်းဖြစ်နိုင်သည်။တစ်ချိန်ကဒီနာမည်လေးကိုခေါ်ဖို့အတွက် ခွင့်တောင်းခဲ့ရတာကိုပင်ကြွယ်အမှတ်ရမိသေးသည်။

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now