Unicode
မနက်ခင်းတွေတိုင်း ချစ်ရတဲ့သူရဲ့ မျက်နှာကိုပထမဦးစွာမြင်ရသည့် နုလောက် ကံကောင်းတဲ့သူရှိပါဦးမလား။မောင့်ရဲ့ရင်ခွင်ကျဉ်းကျဉ်းလေးမှာ ခိုလှုံရတဲ့ မနက်ခင်းတွေဟာ နုအတွက်တော့ သိပ်ကိုနူးညံကာ လှပလွန်းသည်။ရွှေအိုရောင်ဆံနွယ်လေးတွေကျနေတဲ့ မောင့်နဖူးပြင်ကို နမ်းရှိုက်ရတဲ့ အခိုက်အတန့်တွေဟာ နုအတွက်တော့ သဘောကျစရာအချိန်တွေပင်။အချစ်ကြောင့်ဖြစ်တည်လာတဲ့ ကြည်နူးစရာမနက်ခင်းတွေပင်။
မျက်လုံးလေးတွေမှိတ်နေတဲ့ မောင့်မျက်နှာလေးကို အတန်ကြာငေးမိတော့ နုရင်ထဲပျော်ရွှင်မှုလှိုင်းလေးဖြတ်ပြေးသွားလေသည်။ကိုယ့်ထက် တစ်ဆယ့်ငါးနှစ်ငယ်တဲ့ အမျိုးသမီးတစ်ဦးကို ချစ်မိလိမ့်မယ်လို့ နုဘဝမှာ တစ်ကြိမ်တစ်ခါမတွေးမိခဲ့။မောင်နဲ့တွေ့ပြီးချိန်ကစလို့ ဒီအတွေးတွေဟာ အသုံးမဝင်တော့ဘူးဆိုတာ နုအသေအချာသိခဲ့လေပြီ။မောင်ဆိုသည့် အမျိုးသမီးဟာ သူ့အချစ်တွေနဲ့ နုဘဝကို လှပအောင် ဖန်တီးနိုင်ခဲ့လေသည်။
ခါးကိုတင်းကြပ်အောင်ဖက်တွယ်ထားသည့် မောင့်လက်တွေကို ဖယ်ရှားသော်လည်း မရပေ။
"ဘယ်သွားမှာလဲ"
မျက်လုံးများမဖွင့်ပါပဲ ပြောနေတဲ့ မောင့်မျက်နှာလေးက နုတစ်ယောက်တည်းအတွက် အချစ်ပိုစရာ၊အသည်းယားစရာကောင်းလွန်းနေသည်။မောင့်အသံ၊
မောင့်အပြုံးတွေနဲ့စတင်ရသည့် နုရဲ့မနက်ခင်းတွေဟာ ချိုမြိန်ဖွယ်၊ကြည်နူးဖွယ်အတိ။"ထတော့မလို့လေ။ခြောက်နာရီတောင်ရှိနေပြီ"
"အစောကြီးရှိသေးတယ်။ပြန်အိပ်ဦးလေ"
"မစောတော့ဘူးမောင်ရဲ့။ဆေးရုံသွားဖို့လည်းပြင်ရမယ်။မနက်စာလည်းပြင်ရဦးမယ်လေ"
"မနက်စာမပြင်နဲ့။မစားတော့ဘူး။ပြန်အိပ် အိပ်ရေးပျက်လိမ့်မယ်"
အခုချိန်ထိ မောင့်မျက်လုံးတွေဟာ မပွင့်။မောင်ဟာ နုနဲ့ပတ်သက်ရင် သိပ်ကို အကဲပိုလွန်းသည်။အခုလိုအကဲပိုလွန်းလို့လည်း နုဟာ အချစ်ပိုနေရသည်မဟုတ်ပါလား။
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Ongoing)