Unicode
အရိပ်ရအပင်တွေ၊အရောင်စုံတဲ့ပန်းနှင်းဆီတွေဟာ ခြံထဲ၌ နေရာတော်တော်များများယူထားလေသည်။ပန်းပင်ကလေးတွေကိုတယုတယစိုက်ပျိုးထားတဲ့နုကြောင့်သာ ခြံကလေးဟာ အတော်လေးလှပနေခြင်းပင်။အဖြူရောင်စံပယ်တွေရဲ့ မွှေးရနံ့ကလည်း လေလာမှ အတော်လေးမွှေးကြိုင်လာသည်မို့ စိတ်ပင်ကြည်လင်စေသည်။ကိုယ်တိုင်စိုက်ပျိုးထားခြင်းမှရလာတဲ့ အကျိုးရလဒ်လေးတွေပင်။ပန်းခြံကလေးထဲမှာ ပန်းပင်အသစ်လေးတွေထပ်ပျိုးချင်သော်လည်း အကဲပိုသည့်မောင်က ခွင့်မပြုတော့သည်မို့ ပန်းကလေးတွေဟာ အရင်အတိုင်းမတိုးဘဲရှိနေလေသည်။
"မောင်"
"မောင်ဘာလုပ်ပေးရမလဲ"
နာမည်လေးကိုခေါ်ရုံနဲ့အခုလိုအမြဲမေးတတ်တဲ့ မောင့်အကျင့်လေးကိုပင် နုသဘောကျလာမိသည်။တကယ်တော့လည်း မောင်နဲ့ပတ်သက်သမျှဆိုရင် ဆံချည်မျှင်ကအစနုသဘောကျနေမိခြင်းပင်။
"ဟင့်အင်း တို့လေ ပန်းပင်ကလေးတွေထပ်စိုက်ချင်တယ်"
"အင်းစိုက်လေ။ဒါပေမယ့် အန်တီကိုယ်တိုင်တော့မစိုက်ရဘူး။ဘာပန်းပင်လိုချင်လဲမောင့်ကိုပြော"
"တို့စိုက်တော့ရောဘာဖြစ်လို့လဲ"
"မရသေးဘူး။ပန်းစိုက်ရင် မြေတူး၊ပေါင်းသင်၊
ရေလောင်းနဲ့ရှုပ်တယ်လေ။ပင်ပန်းတယ်မရဘူး""အထွေအထူးပင်ပန်းတာမဟုတ်ဘဲနဲ့ကိုကွယ်"
"မောင့်စကားကိုနားထောင်ပါအန်တီရဲ့။ကလေးလေးမွေးပြီးရင် စိုက်လို့ရတယ်လေ။အဲ့ကျရင် မောင်က ခြံတစ်ခုလုံးပြည့်အောင် ပန်းပင်ကလေးတွေဝယ်ပေးမယ်နော်။အခုတော့ ငြိမ်ငြိမ်လေးပဲနေပါ"
"မောင်ကကွာ"
နှုတ်ခမ်းကလေးဆူနေပုံက လိုချင်တာကိုမရလို့ စိတ်ကောက်သည့်ကလေးတစ်ယောက်ပုံစံနဲ့မခြားပေ။အသက်
လေးဆယ်တဲ့...။စိတ်ဆိုးစိတ်ကောက်လိုက်ပုံကလည်း ဘယ်သူမှပင်လိုက်မမှီနိုင်သည်အထိပင်။"အချစ်ပိုအောင်လုပ်နေတဲ့ပုံစံလေးပဲ။တကယ်ကတိပေးတယ်။ ကလေးလေးမွေးပြီးရင် ပန်းပင်တွေအများကြီးစိုက်ရအောင်ဝယ်ပေးမယ်နော်"
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Ongoing)