သံုးဆယ့္နွစ္(U+Z)

2.4K 174 17
                                    

Unicode

Unicode

အမျိုးသမီးတစ်ယောက်ကို ရင်ထဲနစ်အောင်ချစ်မိသွားချိန်၌ တစ်ချို့သော အချိန်တွေကို သူနဲ့သာဖြတ်သန်းချင်သည်။ကုန်ဆုံးချင်သည်။ရည်းစားမထားတာကြာခဲ့ပြီဖြစ်သည့် မိန်းမတစ်ယောက်ရည်းစားထားတော့လည်း ကိုယ့်ထက်ရှစ်နှစ်ငယ်သည့် မိန်းမပျိုလေးနဲ့ပင်။
ရှော့ပင်းမောလ်ထဲမှာ ဖွင့်ထားသည့်ဆိုင်ဟာလူသိများသလို နာမည်လည်းအတော်ရနေလေပြီ။ဆိုင်ကိုစိတ်ချထားလို့ရသည့် သူရှိလို့သာချစ်ရသူဆီကို စိတ်အေးလက်အေးထွက်လာနိုင်သည်။

မြို့တော်ဆေးရုံဝန်းထဲ၌ ကားမျိုးစုံနဲ့ပြည့်နှက်နေသည်။လူတွေသည်လည်း ဝင်သည်ထွက်သည်နဲ့ မျက်စိပင်ရှုပ်ရသည်။ကားကို ဆေးရုံဝင်းထဲ မသွင်းတော့ဘဲ အပြင်မှာသာရပ်ပြီး လူတစ်ယောက်ကိုစိတ်ရှည်ရှည်နဲ့စောင့်နေမိသည်။လူတစ်ယောက်...။အရှင်းဆုံးပြောရရင် ကြွယ့်ဘဝအတွက် အရေးပါသည့်လူတစ်ယောက်ပင်။ဆေးရုံထဲမှ ကားတွေတစ်စီးပြီးတစ်စီးထွက်နေသည့်အထဲမှ ဟွန်ဒါဖစ်ကားအဖြူလေးထွက်လာသည့်အခါ၌ ကြွယ်တုန်လှုပ်သွားသည်။အသေအချာပြောရရင် ထိုကားကလေးဟာ နုရဲ့ကားလေးပင်။

အကယ်၍တွေ့ရင် ကြွယ့်မှာဖြေစရာအဖြေရယ်လို့အတိအကျမရှိသေးပေ။အချိန်ကာလဟာ စောလွန်းနေသေးသည်မို့ ဧကရီနဲ့ပတ်သက်မှုကို မပြောပြချင်သေးပေ။အတွေးတွေများနေစဉ်ပင်ဟွန်ဒါဖစ်ကားအဖြူလေးဟာ ဘေးကိုမသိမသာထိုးရပ်လာသည်။ကားထဲမှ နုပုံစံဟာ အံ့သြနေသည့်ပုံဆိုတာ သိသာထင်ရှားလွန်းနေသည်။
ရှောင်ထွက်လို့လည်းမရသည့်အခြေအနေမို့ ကြွယ်ဖြေရှင်းချက်ထုတ်ရပေဦးမည်။မိန်းမတစ်ယောက်ကိုချစ်မိတာ မလွယ်လိုက်ပုံများ...။

"ကြွယ် ဘယ်လာတာလဲ။ငါ့ဆီကိုလား"

        အစ်မအရင်းဖြစ်သူကိုကျော်ပြီး သူစိမ်းအမျိုးသမီးငယ်လေးဆီလာတယ်ပြောရင် လှောင်စရာများဖြစ်သွားမလား။

"ဟို ကြွယ့်သူငယ်ချင်းနဲ့လိုက်လာတာ။လူနာလာမေးတာလေ။အဲ့ဒါကြွယ်မလိုက်ချင်လို့ကားပေါ်ကစောင့်နေတာ"

"သြော် လူနာလာမေးတာပဲ။ပြီးရင်အိမ်တန်းပြန်နော်"

"ဟုတ်ကဲ့"

"ေမာင့္ၾကင္နာသူ"(Ongoing)Where stories live. Discover now