Unicode
"ဒေါက်တာ လူနာ လူနာက နှလုံးပြန်ခုန်လာပြီ"
သူနာပြုဆရာမ၏တုန်ယင်နေတဲ့အသံကို မောင်အသေချာကြားရလေသည်။နှလုံးပြန်ခုန်ပြီတဲ့...။ဒါဟာ မျှော်လင့်ချက်ယဲ့ယဲ့လေး။ဒီမျှော်လင့်ချက်လေးဟာ ခဏတာအသက်ဝင်မလား။ဒါမှမဟုတ် တစ်ဘဝစာလုံးအသက်ဝင်သွားလေမလား။
"ဘယ်လို ဟုတ်ပြီ အကုန်အသင့်ပြင်ထား"
အခန်းဆီကိုပြေးဝင်လာသည့် အမျိုးသမီးနောက်ကိုလိုက်သော်လည်း တံခါးဟာပိတ်သွားလေသည်။နုမျက်နှာကို မောင်မြင်ချင်သည်။
နုဘေးနားမှာ မောင်ရှိနေချင်သည်။အေးစက်နေနဲ့လက်တစ်စုံကို ဆုပ်ကိုင်ထားချင်မိသည်။သို့သော်လည်း မောင်သည် အပြင်မှာသာ ရှိနေလေသည်။"အန်တီနှလုံးပြန်ခုန်လာပြီတဲ့။ဒါဆိုအန်တီက ထားမသွားဘူးပေါ့"
အပြုံးတွေနဲ့ပြောနေသော်လည်း မောင့်ပါးပြင်ပေါ်၌ မျက်ရည်စက်တွေနဲ့ပင်။ကြေကွဲသားတဲ့ နှလုံးသားလေးဟာ ပြန်ဆက်သွားလေမလား။ပြိုလဲမည့်ဘဝကလေးဟာ ပြန်လည်တည်ဆောက်ခွင့်ရလေမလား။ရိုက်ချိုးခံလိုက်ရတဲ့မျှော်လင့်ချက်ကလေးဟာ ပြန်ပြီးအဓိပ္ပါယ်
်ရှိလေမလား။ဒါတွေအားလုံးဟာ နုအပေါ်မှာသာ ရာနှုန်းပြည့်မူတည်နေတော့သည်။"ထားမသွားဖို့တို့တွေဆုတောင်းရမှာပေါ့။ဒါကြောင့်မို့စိတ်ကိုအတတ်နိုင်ဆုံးထိန်းထား"
"နာနာ အန်တီနုက နင့်ကိုထားသွားမှာမဟုတ်ပါဘူး။မငိုပါနဲ့ ငါတို့ရှိတယ်"
ခဏကထိအရူးတစ်ယောက်လိုဖြစ်နေသည့်မောင်သည် နုကြောင့်သာ စိတ်ကို အတတ်နိုင်ဆုံးထိန်းထားရသည်။ဒီအမျိုးသမီးဟာ လက်လွတ်စပယ်ထားမသွားဘူးဆိုတာ မောင့်စိတ်ကသိသည်။မောင်နှလုံးသားက အကြွင်းမဲ့ယုံကြည်သည်။နှုတ်မှရသမျှဘုရားစာကိုသာ ဆက်တိုက်ရွတ်ဆိုနေမိသည်။အသက်ကိုကယ်နိုင်တဲ့သူမဟုတ်သည်မို့ မေတ္တာနဲ့သာ နွေးထွေးအောင်လုပ်ပေးနေမိသည်။
နေ့လည်ခင်းကတည်းကနေ နေဝင်ချိန်အထိ ဒီနေရာမှာရှိနေသည်မို့ မောင့်စိတ်တွေပင်အတော်လေးမွန်းကြပ်လာသည်။
စင်္ကြန်ရှေ့မှာဖြတ်သွားသည့်သူတွေသည်လည်း သူ့တို့အပူနဲ့သူတို့ပင်။
တံခါးအကြီးကြီးသည် ဒုတိယအကြိမ်ပွင့်လာပြန်သည်။ဒီတစ်ကြိမ်မှာရော မောင့်နှလုံးသားနာကျင်ရဦးလေမလား။မျှော်လင့်ချက်ကလေးထပ်မံရိုက်ချိုးခံရဦးလေမလား။
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Ongoing)