Unicode
နားရက်တိုင်းမောင့်အနားမှာအချိန်ပြည့်နေပြီး
ချွဲနေရသည့်အချိန်တွေကိုနုတအားသဘောကျသည်။ငယ်ရွယ်သူကိုပြန်ချွဲနေတဲ့ ကိုယ့်အဖြစ်ကိုတွေးမိတိုင်းရယ်ရမလို၊ငိုရမလိုနဲ့ဝေခွဲရခက်ပြန်သည်။မောင်ရင်ခွင်ထဲမှာ ခိုလှုံရတဲ့အချိန်တွေမှာ မောင့်ရင်ငွေ့နွေးနွေးလေးကြောင့် ဘဝတစ်ခုလုံးကိုလွှမ်းခြုံထားသလို နွေးထွေးရသည်။"အန်တီ"
"ရှင်"
"မောင်လေ တစ်ခါတစ်လေတော့တွေးမိတယ်သိလား။အန်တီ့ကိုဘာလို့ အခုလောက်ထိချစ်မိသွားလဲဆိုတာကိုလေ"
"ဘာလို့ချစ်မိသွားတာလဲ"
"ဟင့်အင်း။မောင်မသိဘူး။တစ်ခုတော့သိတယ်"
"ဘာများလဲပြောပါဦး"
"အန်တီ့ကိုချစ်တယ်ဆိုတာပဲသိတယ်"
"တကယ်ပဲကွယ်"
ရင်ခွင်ထဲကနေ မောင့်ပါးပြင်ကိုခပ်ဖွဖွနမ်းလိုက်လေသည်။
နမ်းရှိုက်လိုက်တဲ့အချိန်တိုင်းမောင့်အပြုံးလေးဖြစ်တည်သွားတာကိုလည်း နုသဘောကျသည်။"ဒီအနမ်းတွေကိုလည်းသဘောကျတယ်သိလား"
"အင်း တို့ကမောင့်ကိုအမြဲနမ်းမှာပေါ့"
"အင်း မောင့်ကိုပဲနမ်းရမယ်။မောင့်ကိုပဲချစ်ရမယ်။တခြားဘယ်သူ့ကိုမှလည်းမနမ်းရဘူး။ချစ်လည်းမချစ်ရဘူး"
"အို တကယ့်ကိုလောဘကြီးတာပဲ။တကယ်မချစ်ရဘူးပေါ့"
"ဟာ အန်တီ့မှာမောင်ပဲရှိရမှာလေ။တခြားဘယ်သူ့ကိုမှမချစ်ရပါဘူး။လုံးဝပဲနော်။မောင်ကလွဲရင်ဘယ်သူ့မှမချစ်ရဘူး"
"ဒါဆို ကြွယ့်ကိုလည်းမချစ်ရဘူးပေါ့"
"အဲ့လိုတော့လည်းမဟုတ်ဘူးလေ။မမကြွယ်ကိုတော့ချစ်လို့ရတယ်လေ"
"လူလည်မလေး။စိတ်ချပါကွယ်။တို့ဘဝမှာ မောင်ကလွဲပြီးဘယ်သူမှမရှိစေရဘူးနော်"
"မောင်ကအန်တီ့ကိုယုံကြည်ပြီးသားပါ"
"အင်း ချစ်ရမဲ့သူပေါ်လာရင်တော့ တို့ချစ်ရမှာပေါ့မောင်ရဲ့"
YOU ARE READING
"ေမာင့္ၾကင္နာသူ"(Ongoing)