အိပ်မက်ဖြစ်ပါစေလို့ ဆုတောင်းခဲ့ပေမယ့်လဲ ရာရာ့ဆုတောင်းကပြည့်မလာခဲ့။
မနက်နိုးနိုးချင်း ဖုန်းကိုဖွင့်ကြည့်မိတော့
📩
"ကိုယ်တို့ဘယ်နေ့လောက် လူကြီးမိဘစုံ"လင်"နဲ့လာတောင်းရမလဲ"
သူ့စာကိုဖတ်ပြီး ရာရာတွေဝေသွားသည်။
"လူကြီးမိဘ စုံစုံလင်လင်တဲ့လား? သူ့မိသားစုက ငါ့ကိုလက်ခံလို့လား"
ရာရာသက်ပြင်းတစ်ချက်ချပြီးစဥ္းစားနေမိသည်။
"ရာရာရေ ရာရာ"
"ဟေ ဘုန်းပြည့်စုံ ငါနိုးပြီ"
"အမေကထတော့တဲ့ မနက်စာလာစား"
"အေးအေးလာခဲ့မယ်နော်"
ရာရာမျက်နှာကို ညကတည်းက မသစ်ရသေးတာကြောင့် သေချာသန့်စင်ပြီး အဝတ်စားလဲကာ အရှေ့ကိုထွက်လာသည်။
"လာ ထိုင် ရာရာ နင်ကြိုက်တဲ့ ထမင်းကြော်နဲ့ အကြော်ပူပူလေး"
"ဟုတ်အမေ"
"အကြော်က လမ်းထိပ်ကနေ နင့်မောင်ကိုယ်တိုင်သွားဝယ်ထားတာ"
"အမယ် ဟုတ်လှချည်လား ဘုန်းပြည့်စုံက ကိုယ့်ဘာသာစျေးဝယ်တတ်နေပြီပေါ့"
"၃တန်းပဲရောက်နေပြီလေ ဝယ်တတ်တာပေါ့"
"အမယ်လေး ဟုတ်ပါပြီ ဘယ်လိုလဲ ငါဝယ်လာတဲ့ အရုပ်တွေကြိုက်ရဲ့လား"
"အေး အဲ့တာဆိုလို့ ပြောရအုံးမယ် ဘာလို့အများကြီးဝယ်လာတာလဲ သက်သက်မဲ့ ပိုက်ဆံကုန်အောင်လို့"
"ဪ အမေရယ် သမီးက အိမ်မှပြန်မလာဖြစ်တာ ပြန်လာတုန်းလေးဝယ်ပေးရတာပေါ့ ပြီးတော့ သမီးတစ်ယောက်တည်း ဝယ်ပေးတာမဟုတ်ပါဘူး ကိုမင်းသွေးလဲဝယ်ပေးတာပါ"
"အေးပါကွယ် အမေက ပိုက်ဆံပိုမကုန်စေချင်လို့ပါ"
"ဟုတ်"
"သမီးရေရာရာ"
အရှေ့က ခေါ်သံကြားလို့ ကြည့်လိုက်တော့ အန်တီမြ ဖြစ်နေသည်။
"ဪ အန်တီမြပဲ သမီးတံခါးသွားဖွင့်ပေးလိုက်အုံးမယ်"
"အေးအေး"