Unicode
စိုစိစိရေစိမ့်တွေကြား နှစ်ယောက်သား ဖက်သွယ်ထားရင်။ မိုးရေစက်လေးတွေဟာ စင်ခါနေတယ်ဆိုပင်မဲ့ အေးစိမ့်ခြင်းကိုမရဘဲ သူ့ရဲ့ အနွေးဓာတ်ကြားနဲ့ ဝိုင်ကူထားခြင်းကြောင့် Taehyung မှာ ပူနွေးနေသည်။
စောင်ထဲကနေ သူ့ရင်ခွင်ထဲသို့ Taehyung ဟာမှီထိုင်နေရင်းဖြင့် သူ့ကိုမော့ကြည့်လိုက်သည်။
"မင်းငါ့ကို တကယ်မမုန်းခဲ့ဘူးလား...ငါမင်းကို ငယ်ငယ်တုံးက စိတ်ဆိုးအောင်တွင်လုပ်ခဲ့တာလေ။"
"မဆိုးဘူး...တကယ်လည်းမမုန်းခဲ့ဘူး...ကိုယ်သိခဲ့တာ မင်းကိုယ့်နားမှာဘဲ အမြဲနေရမယ်ဆိုပြီး အဲ့တာမို့ကြောင့် ရည်ရွယ်ချက်ရှိရှိ အဲ့လိုဘဲလုပ်ခဲ့တာ "
Taehyung လေးရဲ့ လက်လေးကို ဆုပ်ကိုင်ထားတာက လက်ဖမိုးလေးကို လက်မဖြင့် ခပ်ဖွဖွလေးပွတ်သပ်နေရင်း စောင်လွှတ်နေသည့် ပုခုံးလေးကို နမ်းသည်။
"ကိုယ်ရော သိချင်တာ မေးလို့ရမလား..."
"မင်းက မေးအုံးမှာလား...ငါမပြောရင်တောင် ငါ့အကြောင်း အကုန်သိတဲ့သူကလေ.."
"ကိုယ်က မင်းနှုတ်ကနေ ပြောထွက်တဲ့စကားကိုဘဲလိုချင်တာမို့...Jeon Baba.အဲ့တာမို့ကြောင့် မင်းနဲ့ပတ်သတ်တာ ကိုယ်မမေးရင်တောင် မင်းကိုပြောပြစေချင်တယ်"
"ငါမင်းကို အဲ့ကတည်းက ချစ်ခဲ့တာ..အဲ့နေ့က မင်းကို ထိုးခဲ့မိတာ..ငါနောင်တအရဆုံးနဲ့...မင်းကိုသိမ်ငယ်အောင်လုပ်ခဲ့တာလည်း ငါ့ကျောင်းဖိနပ်က ရွံ့တွေကို မင်းဖယ်ပေးတဲ့အချိန်က ငါလည်းမင်းနဲ့နည်းတူ ဒူးထောက်ချင်ခဲ့တယ် Jeon Henry...မင်းရေကူးကန်ထဲကို ဆင်းခဲ့တဲ့အချိန်က မင်းပြန်မတက်လာမချင်း ငါစိုးရိမ်နေခဲ့သလို အဲ့နာရီလည်း မင်းလောက်အရေးမပါတာမို့ ငါလျစ်လျူရှု ဖျက်စီးခဲ့တယ်..."
Jeon Henry က Taehyung ရဲ့ စကားကိုနားထောင်ရင်း လည်ပင်းကြားထဲကို မျက်နှာအပ်ကာ သက်ပြင်းရှိုက်ရင်း သူအမောဖြေစေသည်။ ခေါင်းလေးစောင်းကာ ရှိနေသည့် Taehyung မှာဆက်ပြောမည့်စကားတွေကို အားယူနေသလိုမျိုးဖြင့်။
"ငါအဲ့နေ့က ချစ်ရေးဆိုခဲ့တဲ့ မိန်းကလေးကလည်း ဒီတိုင်း သူငယ်ချင်းသက်သက်ဘဲ မင်းရှိနေလို့ ငါသူ့ကို အကူအညီတောင်းခဲ့တာ...အဲ့နေ့က မင်းနဲ့နောက်ဆုံးဆိုတာသိခဲ့ရင် ငါဒါတွေလုပ်ခဲ့မှာမဟုတ်ဘူး"