Unicode
ထိုးကိုက်နေသည့် ခေါင်းကြောင့် ထလိုက်ဖို့ပြင်လိုက်ပင်မဲ့ တင်းကျပ်စွာ ဖက်ခံထားရခြင်းကြောင့်ရုန်းလို့မရပေ။
စိမ်းသက်နေသည့် ရနံ့နှင့်အတူ မျက်နှာကျက်ကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။
မှတ်ဉာဏ်တွေကို အလုပ်ပေးဖို့ တွေးနေပင်မဲ့တစ်ဖက်သို့ လှည့်ကြည့်လိုက်တော့ Suho ကို ဖက်ကာ အိပ်နေသည့် ယောကျာ်းသားတစ်ယောက်။ မျက်နှာကစောင်ဖြင့် ကွယ်နေသည်မို့ မမြင်ရသေးပင်မဲ့ မူးရူးပြီးတော့ နာမည်မသိ မရင်းနှီးသည့် လူတစ်ယောက်နဲ့ တစ်ညလုံး ကုန်ဆုံးခဲ့တာပေါ့။
ထဖို့ ပြင်လိုက်တော့ နာကျင်မှုကိုပါ ခံစားလိုက်ရသလို အဝတ်ကင်းမဲ့စွာဖြင့် အနံ့အသက်များလည်း မကောင်းနေသလို တစ်ကိုယ်လုံးလည်း ညစ်ပေနေသလို ခံစားလိုက်ရသည်။
မေမေတော့ ဆူတော့မှာဘဲ။
ခါးပေါ်က လက်ကိုဖယ်လိုက်ကာ ကုတင်ပေါ်ကနေ လျောဆင်းလိုက်သည်။ ဖင်နာနေပြီ ဘယ်လိုအိမ်ပြန်ရမှာလဲ။
"အင့်..."
ထရပ်လိုက်တော့ နာပင်မဲ့ အံကြိတ်လိုက်သည်။ အဝတ်အစားတွေကိုလည်း လိုက်ကောက်ရအုံးမှာမို့လည်းဖြစ်သလို ရေလည်းချိုးချင်ပြီး သူဖျားလည်းဖျားချင်နေသလိုဖြစ်နေသည်။
ပထမဆုံးဖြစ်သလို ဒီလိုမျိုးကျတော့လည်း Suho အတွက် နေရခက်သည်။
ရုတ်တရက်စောင်နှင့်ပတ်ကာ ပွေ့ချီခြင်းခံလိုက်ရသည်မို့ Suho လန့်မိသွားရင်း ရုတ်တရက်မြင်လိုက်ရသည့်မျက်နှာကြောင့်ပါ ကြောင်အသွားသည်။
ဒီလူ...Jeon Vance Henry ရဲ့လက်ထပ်ပွဲတုံးက Suho နဲ့စကားများခဲ့သူ။ အဲ့ထက် အဲ့လူက မိန်းမရှိနေတယ်မဟုတ်လား...အဲ့တာကို အိမ်ထောင်ရှိတဲ့လူနဲ့ ဒီလူနဲ့ အိပ်ခဲ့မိတာပေါ့။
"မနှိုးနိုင်လောက်အောင် ခိုးထွက်မလို့လား..."
"ကျွန်တော်ပြန်တော့မို့...အောက်ပြန်ချပေးပါ..."
"မင်းတစ်ကိုယ်လုံး ညစ်ပတ်နေတယ်...သန့်ရှင်းရေးအရင်လုပ်ရအောင်..."