Unicode
Taehyung တို့အိမ်ပြန်ရောက်နေတာ တစ်ပတ်လောက်ရှိပြီ။ မနက်ကတည်းက အပါးစီကို သွားနေသည့်မို့ Taehyung အိမ်မှာမရှိသလို အခုတင်လည်း Jeon Henry နဲ့ ဒေါက်တာသာ ရှိကာ မျက်တွင်းဟောက်ပက်နဲ့ မှိုင်းနေစွာဖြင့် ထိုင်နေသည့် ဒေါက်တာကို Jeon Henry သည်အလုပ်လုပ်နေရင်း တစ်ချက်တစ်ချက် လှမ်းကြည့်တတ်သည်။
Hanna နဲ့ ကွာရှင်းလိုက်ပြီဆိုတာလည်း ဟိုတစ်လောက ကြားပြီးပြီမို့ အဲ့တာမို့ကြောင့်အခုထက်ထိ ခံစားနေရသလား အောင့်မေ့ကာဖြင့် တွေးမိသည်။
"ငါ့ကိုမပြောချင်ဘူးလား..."
စကားစလိုက်တော့ ဒေါက်တာက ကြည့်လာကာ အရက်ကိုတစ်ချက်တည်း မော့လိုက်ရင်း ပြန်ဖြေသည်။
"ငါက ဘာပြောရမှာလဲ..."
"မင်းအသဲကွဲနေတဲ့အကြောင်းလေ"
"ငါက ဘယ်မှာအသဲကွဲနေလို့လဲ"
ထိုအခါ Jeon Henry က ဟုတ်လို့လားဆိုသည့် သဘောဖြင့် မျက်ခုံးတစ်ဖက်ပင့်ပြလေသည်။ မဖြေချင်နေတာကို Jeon Henry တစ်ယောက် မရ'ရအောင်မေးတော့မှာဖြစ်တယ်။
"အဟမ်း...အသဲကွဲနေတာတော့ မဟုတ်ပင်မဲ့...မင်းတို့လက်ထပ်ပွဲတုံးက ကောင်လေးတစ်ယောက်နဲ့တွေ့ခဲ့တယ်..."
"ကောင်လေးတစ်ယောက်...မင်းက ..."
ဒီကောင်တွဲခဲ့သမျှက မိန်းကလေးတွေချည်းဘဲ။ အဲ့ထက် လက်ထပ်တာတောင် မိန်းကလေးကိုဘဲ လက်ထပ်ခဲ့တာ။ ကွာရှင်းပြီးမှ ပတ်သတ်ခဲ့တာ ယောကျာ်းလေးတစ်ယောက်တဲ့လား။
"ကွာရှင်းတဲ့နေ့က ကောင်လေးက မူးနေပင်မဲ့ ငါမမူးခဲ့ပါဘူး...ဒါပေမဲ့..."
"အိပ်လိုက်ကြတယ်ပြောပါ...မင်းက လူယုတ်မာဘဲ။"
"ဟျောင့်...ငါလည်း တာဝန်ယူချင်တယ်ကွ...သူက ငါ့ကိုရှောင်နေတာ...ရှင်းရှင်းပြောရရင် အတွေ့ကိုမခံတာကွာ...ဘာကြောင့်လဲဆိုတာလည်း မသိဘူး..ထိပ်တိုက်ရှင်းပြီးမေးချင်ပင်မဲ့ အတွေ့ကို မခံတာလေ။"
"မင်းဖြစ်မင်းခံ...ငါ့ကိုတော့ Jeon Babaလေးက တအားချစ်တာ...အခုတောင်လွမ်းလာပြီ..."