Part 47

2.4K 229 11
                                    

Unicode 

"ခင်ဗျားဘယ်မှာလဲ..."

ခပ်တိုးတိုးအသံကြောင့် အလုပ်ကိုရပ်လိုက်ကာ ဖုန်းထဲကို အာရုံစိုက်လိုက်သည်။  

"ဆေးရုံမှာ ဘာဖြစ်လို့လဲ"

"..."

"တစ်ခုခုဖြစ်နေတာလား ချာတိတ်..."

ဆက်မပြောလာသည့် တစ်ဖက်ကြောင့် ဒေါက်တာ စကားစလိုက်ရသည်။ 

"ကျွန်တော့်မျက်နှာမှာ...."

"အင်း..."

"ဒဏ်ရာတွေနဲ့...အရမ်းနာနေလို့...ကျွန်တော့်ကို ဆေးလာထည့်ပေးမလား ဒေါက်တာ..."

"မင်းဘယ်မှာလဲ...ကိုယ့်ကိုပြော..."

ချာတိတ်က သူရှိနေသည့် နေရာကို ပြောပြီး ချက်ချင်းဖုန်းချသွားသည်။ ညနေ စောင်းနေပြီ မကြာခင် မှောင်ရင် ပိုဆိုးမှာ ဆိုး၍ ဒေါက်တာကိုယ်တိုင်လည်း အခုသွားဖို့လိုအပ်သည်။ 

ဂျူတီကုတ်ကို ချွတ်လိုက်ကာ အလုပ်ကို စောဆင်းဖို့ ပြောခဲ့လိုက်ပြီး ချာတိတ်ရှိရာသို့ သွားလိုက်သည်။ မှောင်နေရင် ကြောက်နေမလားဆိုသည့်အတွေးတွေနဲ့ ဒဏ်ရာတွေက အရမ်းများနာနေမလားဆိုသည့် အတွေးတွေ။ 

ကျောင်းရှေ့ကို ကားရပ်လိုက်တော့ ထိုင်နေသည့် ကောင်လေးကို တွေ့လိုက်ရသည်။ ခေါင်းလေးဟာလည်း မော့လျက်ရှိနေတာမို့ အမြန်သွားလိုက်သည်။

"ဟေ့...ချာတိတ်..."

တကယ်တော့နှာခေါင်းသွေးတွေ ကျနေလို့ အဝတ်နဲ့ပိတ်ထားပြီး ခေါင်းမော့နေတာ။ ပြီးတော့ မျက်နှာမှာလည်း ထိုးဒဏ်ရာတွေနဲ့ ရန်ဖြစ်ထားတယ်ဆိုတာ သိသာနေပြီး ချာတိတ်က ခံရတဲ့ဘက်ကဆိုတာ ပိုလို့တောင် သေချာနေပြီ။ 

"သွေးကမတိတ်သေးဘူး...မင်းဆေးထည့်ဖို့လိုနေပြီ ကိုယ့်ဆေးခန်းကို ခေါ်သွားပေးမယ်"

ကိုယ်ပိုင်ဆေးခန်းထဲသို့ ခေါ်လာပြီး နှာခေါင်းသွေးတိတ်အောင်လုပ်ကာ မျက်နှာပေါ်က ဒဏ်ရာတွေကို ဆေးထည့်ပေးသည်။ 

"စပ်တယ်...မစပ်အောင်ထည့်ပေး...စပ်ရင် ပိုနေရခက်လို့..."

"ဘယ်သူလုပ်တာလဲ..."

Hate YouWhere stories live. Discover now