Unicode
အလုပ်တစ်ခုကြောင့် ချိန်းထားသည့် ဘားတစ်ခုကိုရောက်လာတာဖြစ်သည်။ စိတ်ရူပ်နေတာလည်းဖြစ်သည်မို့ အလုပ်အပြင်ခနရောက်တော့ Jeon Henry သည် ဘားမှာထိုင်သောက်ရသည့်ခံစားချက်ကို အပြည့်အဝယူလိုက်သည်။
ချိန်းထားသည့် ဧည့်သည်က မလာနိုင်တော့သည်မို့လည်း ပိုပြီး နည်းနည်းစိတ်ရူပ်သွားခဲ့တာ။ အလုပ်တွေက များသည်မို့ နားချိန်နဲ့ မနည်းညှိနေရတာဖြစ်သည်။
Taehyung စောင့်မှာဆိုး၍ နောက်ကျမည်ဖြစ်ကြောင်း ကြိုပြီးစာပို့ထားလိုက်သည်။ မဟုတ်ရင် စောင့်တာထက် အရမ်းနောက်ကျရင် စိတ်ပူနေမှာဖြစ်သည်။
"Henry..."
ခေါ်သံက ကြားဖူးသည့်အသံဖြစ်နေသည်မို့ လှည့်မကြည့်မိသလို အရက်ကိုသာ ဆက်သောက်နေခဲ့သည်။
"ကျွန်မ Henry ကို ဒီမှာ တွေ့လိုက်မယ်လို့မထင်မိဘူး...တိုက်ဆိုင်လိုက်တာ"
ပြောရင်းဖြင့် အနားသို့ ဝင်ထိုင်လာသည်။ ခပ်စူးစူးရေမွှေးနံ့ကြောင့် ခေါင်းပင်မူးနှောက်သွားလျက်။ တစ်ချက်မှတော့ ဘေးသို့လှည့်မကြည့်မိသည်။
ပုခုံးပေါ်ရောက်လာသည့် လက်ကြောင့် မျက်မှောင်ကြုတ်မိလျက်။
"ကိုယ့်ကို မထိနဲ့ Hanna"
"ဘာလို့လဲ..အရင်တုံးကလည်း ဒီလိုနီးကပ်ဖူးပါတယ်..ဒါမှမဟုတ် လူလွတ်တစ်ယောက်မဟုတ်တော့လို့လား...ဒီမှာလည်း လူလွတ်မဟုတ်တဲ့သူတွေ ဒီလိုလာပြီး အပန်းဖြေတာဘဲလေ...စိတ်အေးအေးပေါ့ Henry"
ဒီတစ်ခါတော့ Jeon Henry ဘက်ကနေ အရင်ကြည့်လိုက်သည်။ ဝတ်ထားသည့်ပုံစံက တကယ့်ကိုပေါ်လွင်နေပြီး နှုတ်ခမ်းနီရဲရဲဖြင့် Jeon Henry အမြင်မှာ သိပ်ကိုအမြင်ကပ်စရာတစ်ခုလိုဖြစ်နေသည်။ ဒါကို Hanna ကရောရိပ်မိနေမလား မသိပင်မဲ့ Jeon Henry အနေဖြင့် ဘယ်လိုမှဂရုမစိုက်။
"မင်းနဲ့ ကိုယ်က ဘယ်လိုပတ်သတ်မှုရှိခဲ့လို့လဲ...တစ်အိပ်ရာထဲတောင်မအိပ်ခဲ့ဖူးဘူးနော်...အရေးပေးလိုက်တာကို မင်းအနေနဲ့ အဆုံးအထိမတွေးရဘူး..."
"ဒါပေမဲ့ Taehyung မရှိနေတုံးက ရှင့်ဘေးမှာ ကျွန်မဘဲရှိခဲ့တာလေ...အခုမှအပိုတစ်ခုလို ကျွန်မကိုလာပြောနေတာလား"