Unicode
အစည်းအဝေးပြီးသည်နှင့် မထွက်သေးကာ မျက်လုံးကိုမှိတ်လျက်ဖြင့် ခနလောက် စိတ်အမောဖြေနေမိသည်။ အလုပ်များတော့ ဖိအားတွေကြောင့် ပင်ပန်းနွမ်းနယ်နေပင်မဲ့ အိမ်သူသက်ထားလေးကြောင့် Jeon Henry ရဲ့ ပင်ပန်းမှုတွေက ပျောက်လျက်ရှိသေးသည်။
"ဒါပြီးရင်ဘာကျန်သေးလဲ...ဒီနေ့အတွက်"
"ဒီနေ့အတွက်တော့ အရေးကြီးတဲ့အပိုင်းတွေမရှိတော့ပါဘူး..."
အတွေးရေးမှူးဖြစ်သူရဲ့ စကားကြောင့် ခေါင်းငြိမ့်ပြလိုက်သည်။ တကယ်လည်း အိမ်ကိုစောစောပြန်ချင်သည်မို့ မေးလိုက်တာဖြစ်သည်။
"အဲ့ဆို ကိုယ်ရုံးဆင်းမယ်...ဟုတ်ပြီလား..."
"ဟုတ်ကဲ့ပါ ...ကိစ္စတစ်ခုခုများရှိလို့လား...ပုံမှန်ထက်ပိုပြီးစောဆင်းလို့ပါ..."
"အိမ်က တစ်ယောက်စိတ်ဆိုးနေလို့..အဲ့တာ ချော့ချင်လို့...အဲ့ဆို ကိုယ်သွားပြီ"
ရုံးကနေ ထွက်လာခဲ့ပြီး ပန်းဆိုင်တွင် အရင်ဆုံး ပန်းဝယ်သည်။ အရင်ဆုံး စိတ်ဆိုးနေသည့် အပိုင်လေးကြောင့် နှင်းဆီဖြူကို ရွေးချယ်လိုက်သည်။
ထပ်ပြီး နောက်တစ်ဆိုင်သို့ ဦးတည်လိုက်ကာ ဝိုင်နီနဲ့အတူ ချောကလက်လေးကို ရွေးလိုက်သည်။ ရိုးရှင်းတဲ့လက်ဆောင်လေးကို ပေးပြီး အနမ်းလေးကိုလည်း လိုချင်လှပြီ။
ကားကို အမြန်ဆုံးဖြင့် အိမ်သို့မောင်းလိုက်ကာ ချစ်ရသူထံသို့ Jeon Henry သည်ဦးတည်လိုက်သည်။
အိမ်သို့ဝင်လာပြီး Taehyung ကိုအော်ခေါ်သည်။ သို့ပင်မဲ့တုံ့ပြန်မှုမရလိုက်ခင်မှာဘဲ Jeon Henry ရဲ့ စိုးရိမ်မှတ်က ဂိတ်ဆုံးအထိကို ထိုးတက်လာရင်း အိမ်က အလုပ်သမားတွေဖြင့်အစောင့်တွေကို အော်ခေါ်လိုက်သည်။
Taehyung ကတစ်ခုခုဖြစ်ဖြစ် တစ်နေရာသွားစရာရှိရင်တောင် ပြောသွားတတ်သူမို့ အခုအခါတွင် တကယ်ကို ထူးဆန်းနေလေပြီ။
"အကိုလေးက ကားတစ်စီးနဲ့ အပြင်ကို ထွက်သွားတာပါ CCTV ကနေပြန်စစ်ကြည့်လိုက်တာပါ"
"သူအပြင်ထွက်တာနဲ့ သူ့နောက်ကို လိုက်ကြည့်ဖို့ မင်းတို့ကို ကိုယ်မှာတယ်မဟုတ်လား...ဘယ်သူလိုက်သွားလဲ...အခု Taehyung ရဲ့ ဖုန်းကအစ ခေါ်မရဘူး..ဘယ်သူလိုက်သွားလဲလို့..."