Unicode
ပွစာကြဲနေသည့် အခန်းထဲမှာ အလုပ်ရူပ်နေသည့် Jeon Henry။ မာမီလည်း ထိုင်နေပင်မဲ့ ဘာမှမပြောနိုင်ဘဲ Taehyung ကိုရှာဖို့သာ အားသန်နေခဲ့တာ။
ရေလည်းမချိုးရသေးသလို အဲ့နေ့က အဝတ်အစားနဲ့တင်ရှိနေကာ သေချာလည်း မအိပ်ရသေးတာမို့ ၃ရက်အတွင်း Jeon Henry မျက်နှာဟာ ချောင်ကျသွားလေသည်။
"အခုလည်း အားလုံးက ရှာနေကြတာဘဲလေ...တခြားမြို့တွေမှာပါ သားလူတွေကို ထပ်လွှတ်လိုက်ပါလား Henry...ခနလောက်တော့ အနားယူပါအုံး"
"ဒီမြို့ထဲမှာဘဲရှိတယ်...ကြွက်ကအပုန်းကောင်းနေတာ...ကျွန်တော်နားဖို့မလိုသေးဘူး...Taehyung ကြောက်နေမှာ...ဘယ်လိုစိတ်နဲ့မှ ကျွန်တော်စိတ်အေးနိုင်သေးမှာမဟုတ်ဘူး"
"ဒါမှမဟုတ်လည်း စိတ်လေးလန်းသွားအောင် ရေချိုးလိုက်ပါလား...မာမီလည်း သားငယ်လေးကိုစိတ်ပူပါတယ်..ဒါပေမဲ့ သားကိုယ်တိုင်လည်းဂရုစိုက်ရမယ်လေ...သားလဲသွားရင် သားငယ်ကို ဘယ်လိုရှာမှာလဲ..."
"သိပါတယ်..ဒါပေမဲ့ ဘာမှမလုပ်နိုင်ဘူး...ဒီမှာစားနေရင်တောင် ဟိုမှာ သူတစ်ယောက်တည်း စားရပါ့မလားအတွေးတွေ မဟုတ်လည်း ကြောက်နေလို့ ဘာမှမလုပ်ရဲဖြစ်နေမလား တစ်ခုခု နှိပ်စက်မလားအတွေးတွေက ရူးလောက်အောင်ပါဘဲ မာမီ...အဲ့တာမို့ကြောင့် ဖြေသိမ့်ပေးဖို့မကြိုးစားပါနဲ့။"
အခန်းထဲက ပစ္စည်းတွေကိုလည်း စိတ်တိုတိုနဲ့ ရိုက်ခွဲထားတာ ဖြစ်သည်။ Sung Min ကိုလည်း ဖမ်းဝရမ်းထုတ်ထားကာ Taehyung ကိုတစ်ခုခုလုပ်ရင် Jeon Henry ကိုယ်တိုင် သတ်ဖို့လည်း တွေးနေမိပြီးသား။
တံခါးခေါက်သံကြောင့် သားအမိနှစ်ယောက်လုံး စကားလက်စပြတ်သွားကာ Jeon Henry ရဲ့ လူတစ်ယောက်က ဝင်လာသည်။
"တည်နေရာကိုရှာတွေ့ပါပြီ..."
မာမီကိုကြည့်လိုက်ပြီး ထို့နောက် တစ်ဖက်သို့ လှည့်လိုက်ကာ သေနတ်ကို ခါးကြားထဲသို့ ညှပ်လိုက်သည်။
"သားလက်ကို သွေးမစွန်းစေချင်ဘူး...သားဒယ်ဒီလည်း လာနေပြီ...ဒီတိုင်းဘဲ မာမီတို့ဖြေရှင်းကြမယ်"