အခန်း (၁၆၅): တစ်နည်းနည်းနဲ့တစ်ဖန် (၅)
Words Count: 6337
UNICODE
သူ့အားစိုက်လို့ကြည့်နေကြသောအကြည့်တို့အား Cale သည်တစ်မှုန်တစ်စတောင်ဂရုမစိုက်ခဲ့ပါ။
• "ဟူးမန်း"
မည်သို့ပင်ဆိုစေကာမူ သူသည် Raon ၏မှတ်ချက်များကိုတော့စိုးရိမ်မိလေသည်။
• "ငါမင်းကိုဂုဏ်ယူတယ်...ဒီခံစားချက်ကသိပ်ကောင်းတာပဲ...ငါတို့လုပ်နိုင်ခဲ့ပြီ"
ခံစားချက်တို့ဖြစ်ပေါ် နေသောအနက်ရောင်နဂါးလေးအား Cale သည်တတ်နိုင်သမျှလျစ်လျူရှုဖို့ကြိုးစားမိသည်။ သူသည် သူ၏တစ်ဆင့်အထက်ပေါ် ၌မတ်တပ်ရပ်လို့နေသောအင်ပိုင်ယာအားလှမ်းမျှော်ကြည့်ခဲ့သည်။
အင်ပါယာဆိုသည်မှာအခုလိုအခြေအနေမျိုး၌သာမြင်တွေ့ ရနိုင်သောလူမျိုးဖြစ်လေသည်။ အင်ပါယာဘက်သို့လှမ်းမျှော်ကြည့်နေသည့် Cale ၏အတွေးမှာ 'ထိုသို့သောပုဂ္ဂိုလ်နှင့်တွေ့ ဆုံရသည်မှာဘယ်လောက်တောင်ဂုဏ်ယူဖို့ကောင်းလိုက်လဲ' ဆိုသည်တို့မဟုတ်ပါပေ။
'သူ့ခန္ဓာကိုယ်ကအားနည်းတယ်လို့သူတို့ပြောထားတယ်မလား?'
သူကြားဖူးသည်ကတော့အင်ပါယာမှာအလွန်တရာကိုမှအင်အားချိနဲ့လာခဲ့ကာ အခုထိတိုင်အရှင်လတ်လတ်ကြီးရှိနေသည်ဆိုသည့်အချက်မှာအံ့ဖွယ်တစ်ရပ်ပင်ဖြစ်နေသည်ဟူ၍။ အရင်အရှေ့ကအင်ပါယာအတွက်လည်းထိုနည်းလည်းကောင်းပင်။
'သူတို့တွေတော်ဝင်မင်းသားကိုတန်ဖိုးထားတာလည်းမဆန်းပါဘူး'
အောက်ပါစာကြောင်းမှာတော်ဝင်မင်းသား Adin အား 'သူရဲကောင်းတစ်ယောက်မွေးဖွားလာခြင်း' ထဲ၌ဖော်ပြချက်များထဲမှတစ်ခုဖြစ်သည်။
< အင်ပါယာသည်သူ၏လောဘတို့အား Adin ပေါ် သို့လွှဲချခဲ့သည်။ Adin ကလည်းထိုအချက်အားအမြတ်ထုတ်၏။ >
တော်ဝင်မင်းသားသည်ကျန်းမာကြံ့ခိုင်သောခန္ဓာကိုယ်ဖြင့်မွေးဖွားလာခဲ့ကာ ဓါးရေးအတတ်တွင်လည်းထူးချွန်လေ၏။ အင်ပါယာလိုချင်
တောင့်တသောအရာတို့ဖြင့်မွေးဖွားလာခဲ့သော Adin သည်ထိုအချက်အားအသုံးချကာ သူ့အပေါ် အင်ပါယာမှီခိုအားထားလာအောင်လုပ်ခဲ့သည်။

YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasyအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️