Chapter 163: Somehow Once Again (3)

38 8 0
                                    

အခန်း (၁၆၃): တစ်နည်းနည်းနဲ့တစ်ဖန် (၃)

Words Count: 3969

UNICODE

Cale သည်​တော်ဝင်မင်းသား Adin နှင့်အကြည့်ချင်းဆုံလိုက်ကာ စကား​စပြောသည်။

"ကျွန်​တော်မျိုးအဆင်​ပြေပါတယ် အရှင့်သား"

အခုကို Cale မှာမားမားမတ်မတ်ရပ်​နေကာ တစ်စက်​လေးမှနာကျင်​နေပုံ​မပေါ် ။

သို့​သော် လူအားလုံးသည်သူ၏လက်ထဲတွင်ရှိ​နေ​သော​သွေးတို့​ပေစွန်း​နေ​သောလက်ကိုင်ပုဝါနှင့် ထိုလက်ကိုင်ပုဝါအားကိုင်ထား​သောလက်မှာဆတ်ဆတ်တုန်ယင်လို့​နေသည်ကို​တွေ့ ​နေရ၏။

ထို့အပြင် သူ၏မျက်နှာ​ပေါ် ၌ဖြူ​ဖျော့​သောအပြုံးတစ်ခုလည်းရှိ​နေ​လေသည်။

သူမှာလုံးဝကိုအဆင်​ပြေဟန်မ​ပေါ် ပါ။

ထိုအချိန် Cale သည်စကားကိုစ​ပြောသည်။

"ကျန်တဲ့တစ်ခြားလူများ​ရောအဆင်​ပြေပါရဲ့လား ခင်မျာ?"

"အာ"

​တော်ဝင်မင်းသားနှင့်အတူပါလာ​သောဝန်ကြီးတစ်ဦးသည်ပင့်ရိူက်သံပြုသည်။

Adin သည် Cale တစ်ချက်မြန်ဆန်စွာအကဲခတ်၏။ သူ၏အကြည့်များမှာ ​နွေး​ထွေးမှု​ရော ဂရုစိုက်ဟန်တို့တစ်စက်မှမပါဝင်​သော​အေးစက်စက်အကြည့်တို့ဖြစ်​လေသည်။

ထို့​နောက် သူသည် Cale နှင့်အကြည့်ချင်းဆုံမိသွား​တော့ ခပ်မြန်မြန်စိုးရိမ်ပူပန်ပြီး ​ကျေးဇူးတင်စိတ်ဖြစ်မိ​နေ​​သောအကြည့်တို့အဖြစ်ချက်ချင်း​ပြောင်းလဲလိုက်​ခဲ့သည်။

"အင်း မင်းရဲ့ကျေးဇူး​ကြောင့်နဲ့အကုန်လုံးအဆင်​ပြေကြပါတယ်...ဒဏ်ရာအနည်းအကျဥ်းရတဲ့လူ​​တွေလည်းရှိတယ်ဆို​ပေမယ့် အရမ်းကြီးဆိုးဆိုးရွားရွား​တော့မဟုတ်ကြပါဘူး"

"ကျွန်​တော်မျိုးနားလည်ပါပြီ"

'ဒဏ်ရာအနည်းအကျဥ်း' ဆိုသည့်စကားလုံး၌ Cale သည်အနည်းငယ်မျက်​မှောင်ကြုတ်သွားခဲ့သည်။ ထို့​နောက် သူ၏အကြည့်တို့သည်​တော်ဝင်မင်းသားအား​ကျော်ကာ Mage များနှင့် အလ်ကယ်မစ်များထံ​ရောက်မိသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Where stories live. Discover now