အခန်း (၁၆၄): တစ်နည်းနည်းနဲ့တစ်ဖန် (၄)
Words Count: 4748
UNICODE
Alberu သည်မျက်မှောင်ကြုတ်သွား၏။
"အကြောင်းရင်းက?"
သူသည် Cale ၏အကြောင်းရင်းအားအရင်ဦးစွာမေးသည်။
Cale သည်သူ၏အိပ်ယာနားသို့တိုးကပ်လာရန်သူ့အားလက်ယပ်ခေါ် လိုက်သည်ကိုသူတွေ့ မြင်နေရသည်။ သူသည်ဟွန့်ခနဲတစ်ချက်လှောင်ရယ်ချင်မိသော်လည်း Cale မှာလူပမာဖြစ်သဖြင့်အလိုက်အထိုက်လုပ်ပေးလိုက်ရန် သူဆုံးဖြတ်ခဲ့လေသည်။
Cale သည်အိမ်ရှေ့စံအနားသို့သူ၏ကိုယ်အားကိုင်းကာနားနားသို့တီးတိုးကပ်ပြောလိုက်သည်။
"ဆာ Rex ကကျွန်တော်တို့နဲ့လက်တွဲသွားဖို့ဆုံးဖြတ်လိုက်ပါပြီ"
'Rex?'
ထိုသူကဘယ်သူဘယ်ဝါမှန်း Alberu တပ်အပ်မပြောနိုင်ရ။ သို့သော်လည်း Cale ၏ဆံပင်နီနီတို့ကိုမြင်တော့ သူသည် Rex အားအမှတ်ရသွားသည်။
Alberu သည် Cale အားစိုက်ကြည့်၏။
"မင်းစောက်ရူးကောင်"
သူသည်မဆဲဘဲမနေနိုင်ရ။ သူ့ဘေးနားရှိအမှောင်ထုနတ်သူငယ် Kora မှာတွန့်ခနဲဖြစ်သွားရသော်လည်း Cale သက်တော်စောင့်များ၏မျက်နှာဘေးတို့ကိုမြင်ပြီးသော် သူလည်းပဲပုံမှန်ပြန်ဖြစ်လို့သွား၏။
"အကြောင်းရင်းက?"
သူ့အားနောက်တစ်ကြိမ် Alberu ထပ်မေးလာသည်ကိုကြားပြီးနောက်မှ Cale သည်ပြန်ပြော၏။
"ဆာ Rex ရဲ့အကြောင်းအရာအချို့ကအနည်းဆုံးတော့မြို့တော်မှာရှိနေတဲ့မျိုးရိုးမြင့်တွေဆီပေါက်ရောက်နေလောက်ပြီလို့ကျွန်တော်ယူဆပါရဲ့"
Alberu သည်ခေါင်းကိုငြိမ့်ပြသည်။ သူ့လိုတိုင်းတစ်ပါးသားတစ်ယောက်ပင်လျှင် Rex ဟုအမည်ရသောရဲမက်၏အကြောင်းအရာအချို့အားသိရှိပြီးဖြစ်လေသည်။ သူရရှိခဲ့သောအချက်အလက်အား Alberu ပြန်စဥ်းစားမိသည်။

YOU ARE READING
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 2
Fantasyအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️