Chapter 162: Somehow Once Again (2)

38 8 0
                                    

အခန်း (၁၆၂): တစ်နည်းနည်းနဲ့တစ်ဖန် (၂)

Words Count: 4439

UNICODE

ဂိတ်​ပေါက်ဝဆီမှ​ပြေးလွှားထွက်လာကြ​သောလူများသည်ရုတ်တရပ်ရပ်တန့်သွားခဲ့​သည်။

သူတို့​နောက်မှလူများ၏တွန်းတိုက်လာမှုတို့​ကြောင့်သာမဟုတ်လျှင် သူတို့သည်လမ်းဆက်​လျှောက်ဖို့ကို​တောင်​မေ့​လျော့သွားမှာဖြစ်​ပေသည်။

သို့​သော် သူတို့၏အကြည့်တို့သည်တစ်​နေရာတည်းတွင်သာဆက်လက်ကျ​ရောက်လို့​နေခဲ့သည်။ Roan တိုင်းပြည်၏သံအမတ်ကြီးများထဲမှတစ်ယောက်သည်စတင်စကား​ပြောလာ၏။

"သခင်​လေး Cale-"

သူ၏အကြည့်တို့မှာ Cale ​ပေါ် တွင်သာရှိသည်။

ထို့​နောက်​တော့ သူသည် Cale ၏လက်အစုံမှ​စတင်ထွက်​ပေါ် လာ​သော​ငွေ​ရောင်အလင်းတန်းမျှင်​နောက်သို့လိုက်ကြည့်မိခဲ့သည်။ သူ၏နှလုံးတို့မြန်ဆန်စွာခုန်မြည်လို့လာသည်ကိုသူခံစား​နေရသည်။ အရင်က ထို​ငွေ​ရောင်အလင်းတန်းအားသူတစ်ခါမြင်​တွေ့ ဖူးခဲ့ပါသည်။

ပလာဇာအကြမ်းဖက်မှုကြီးတွင်ဖြစ်သည်။ ထိုအချိန်တုန်းကလည်းဤအလင်းတန်းအား​တွေ့ ခဲ့ရပုံကိုသူမှတ်မိပါသည်။

နန်း​တော်အတွက်အလုပ်လုပ်​ပေးတဲ့သူမို့ ဤသံအမတ်ကြီးသည်ထိုမ​တော်တဆဖြစ်ချိန်တုန်း၌ရှိလို့​နေခဲ့သည်။

Roan တိုင်းသူပြည်သားတို့အားဖုံးကာ​ပေးခဲ့​သောဒိုင်းကာ နှင့် ကြီးမားလှ​သော​တောင်ပံအစုံအားသူအမှတ်ရမိပါသည်။

သံအမတ်ကြီး၏အကြည့်တို့သည်​ကောင်းကင်​​ပေါ် သို့​​ရောက်သွားသည်။

"...အာ"

သူ့​ခေါင်း​ပေါ် ၌ရှိ​နေ​သောမှိန်​ဖျော့​​ဖျော့​ငွေ​ရောင်အလင်းအားသူမြင်​တွေ့ ​နေရပါသည်။ ​တောင်ပံကြီးနှစ်ဖက်၏အစွန်ဖျားမှာအခုသူ့​ခေါင်းအထက်၌ရှိ​နေသည်။

ဤအလွန်တရာမှကြီးမားလှ​သောတိုင်လုံးကြီးအား ဒိုင်းကာတစ်ခုတည်းကပင်ပင့်ထောက်လို့ထားထား​ပေသည်။

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Where stories live. Discover now