Chapter 161: Somehow Once Again

42 7 1
                                    

အခန်း (၁၆၁): တစ်နည်းနည်းနဲ့တစ်ဖန်

Words Count: 4557

UNICODE

Cale သည်အ​ဝေးမှလူများ၏အသံအားကြား​နေရသည်။ ထိုအသံများမှာ​အော်​ပြောသံများလား ​အော်ဟစ်သံများလားဆိုသည်ကိုသူ​သေချာမ​ပြောနိုင်ပါ။ မယ်မယ်ရရခွဲခြား၍မရနိုင်​သောအသံ​​ပေါင်းစုံတို့​မှာ​​ရောယှက်​​နေကြသည်။

Cale သည်​ကြောင်နီနှင့်ဆက်လက်အကြည့်ချင်းဆုံလျက်စတင်စကား​ပြောသည်။

"Hilsman"

​ကြောင်နီသည်တွန့်တက်သွား၏။

"ရက်စ် ဆာ!"

ထိုအချိန်မှာပဲ Hilsman သည်​ကြောင်နီနားသို့တိုးကပ်ကာသူ၏လက်အားဆန့်တန်းလိုက်သည်။

​ကြောင်နီသည်မြန်ဆန်စွာပင်လှည့်ကာထွက်​ပြေးဖို့ကြိုးစားသည်။ သို့​သော် သူ၏ဗိုက်​ဘေးကဒဏ်ရာက​ရှေ့​ခြေ​ထောက်အားယိုင်​ခွေသွား​စေခဲ့ပြီး Hilsman သည်လည်းယင်းအချိန်တဒင်္ဂအားမလွတ်ခဲ့ပါ​​ပေ။

"ဖမ်းမိပြီ!"

ဒုကပ္ပတိန်သည်ဒဏ်ရာရ​ကြောင်အားအတင်းမချုပ်နိုင်ရ ထို့​ကြောင့်ပဲ သူသည်တတ်နိုင်သမျှဂရုတစိုက်ဖြင့်​ကြောင်ကိုကိုင်ကာ Cale အနားသို့ချည်းကပ်ခဲ့သည်။

"ဂါးးးး"

​ကြောင်နီသည်သူ၏အစွယ်များအားထုတ်ပြကာ လက်သည်းများအားပင့်​မြှောက်လိုက်သည်။ သူ၏လက်သည်းများမှာအချိန်မ​ရွေး Hilsman ၏လည်သာဝတ်စုံအားဖြတ်ခုတ်​တော့မည့်အတိုင်းပင်။

"​ဟေ့"

​ကြောင်နီသည် ထိုအချိန်၌သက်ပြင်းချသံတစ်ခုအားကြားလိုက်ရ​လေသည်။ တစ်ချိန်တည်းမှာပင် ​အေးစက်စက်အရည်တစ်ခုသည်သူ၏ခန္ဓာကိုယ်တစ်ကိုယ်လုံး​ပေါ် သို့​​လောင်းကျလာခဲ့သည်။

ထိုသည်မှာ​ဆေးရည်ပင်။

ယာယီ​ဖြေရှင်းချက်အ​နေဖြင့် Cale သည်​ကြောင်နီ​ပေါ် သို့​ဆေးရည်အား​လောင်းချ​ပေးခဲ့ကာစတင်စကား​ပြောသည်။

"ငါ့ကို​နေရာ​တွေလိုက်ပြ​ပေးခဲ့တဲ့ရဲမက်တစ်​ယောက်အခုလိုဒဏ်ရာဒဏ်ချက်​တွေနဲ့ဖြစ်​နေတာကိုငါဒီတိုင်းလျစ်လျူရှုလိုက်လို့ဘယ်ဖြစ်မလဲ"

မြို့စားကြီးအိမ်​တော်မှဆန်ကုန်​​မြေ​လေး || Volume 2 Where stories live. Discover now