Part 4

3.8K 63 0
                                    

~ကြေးစား~Part-4

"အမေ……"

ထစ်ချုန်းဆရာကတော်အား အမေဟုတိုးညင်စွာခေါ်ရင်း ရှေ့မှာဒူးထောက်ထိုင်ချလိုက်သည်။
မည်မျှပင်ကြမ်းတမ်းဟန်ဆောင်နေစေကာမူ နှလုံးသားသည်တော့ နုနယ်လွန်းသည်။
ကလေးသာသာကောင်လေးတစ်ယောက်သည် အရွယ်နှင့်မမျှအောင် ဘဝခရီးကြမ်းတမ်းခဲ့သည်။
စိတ်ရောကိုယ်ပါကြမ်းတမ်းခဲ့ပေမဲ့ နှလုံးသားလေးသည် နူးညံ့နေခဲ့သေးသည်။

အမေကထစ်ချုန်းခေါင်းကဆံပင်လေးတွေကြားလက်ထိုးဖွပေးသည်။
ထစ်ချုန်းအမေ့အနားတိုးကပ်သွားပြီး အမေ့ဗိုက်ပူပူလေးစီမျက်နှာအပ်လိုက်သည်။

လှုပ်ရှားသွားသည်။ အထဲက ကလေးငယ်လေး ထစ်ချုန်းမျက်နှာကိုကန်လိုက်တယ်။
ပြီးတော့ အသံလေးတွေကိုလဲကြားနေရတယ်။
တကယ်ဟုတ်မဟုတ်ဆိုတာ မသိပေမဲ့ ထစ်ချုန်း ကလေးငယ်လေးရဲ့အသံကိုသေချာပေါက်ကြားလိုက်ရတာပါ။

ကလေးငယ်လေးရဲ့လှုပ်ရှားမှုကြောင့် ထစ်ချန်းကိုယ်ထဲသွေးသားတွေ ပြောင်းပြန်စီးဆင်းနေသလိုခံစားရသည်။
ရင်တွင်းတနေရာမှ လှိုက်လှိုက်လှဲလှဲကြီးပျော်ရွှင်နေမိသည်။
ကံကောင်းခြင်းလက်ဆောင်တစ်ခုကို ရရှိတော့မည့်လူတစ်ယောက်လို ခံစားနေရသည်။
မမြင်ရသေးတဲ့ ကလေးငယ်လေးကို စိတ်အစဉ်ကမြတ်နိုးနေမိသည်။
ကလေးငယ်လေးရေ မင်းကတော့ ငါ့ဘဝကိုလွှမ်းမိုးတော့မယ်ထင်ပါရဲ့။

ပျော်ရွှင်ခြင်းဆိုတဲ့ အရာကြောင့် ထစ်ချုန်းထမင်းပင်မစားနိုင်ခဲ့။
အမေ့ကိုနှုတ်ဆက်ကာ အိမ်လေးစီပြန်လာခဲ့သည်။
ညကတဖြေးဖြေးနက်လာပေမဲ့ အိပ်လို့မပျော်။
ကလေးငယ်လေး၏လှုပ်ရှားမှုကိုသာ ခံစားနေမိသည်။ ကလေးငယ်လေး၏အသံသေးသေးလေးကိုသာ ပြန်ကြားနေမိသည်။
ပျော်ရွှင်ခြင်း။ ငါ့ဘဝရဲ့ပျော်ရွှင်ခြင်းကို ပေးတာမင်းလားကလေးလေး။
ငါမသိခဲ့တဲ့ ပျော်ရွှင်ခြင်းကို မင်းယူဆောင်လာခဲ့တာလား။
မင်းငါ့မျက်စိရှေ့ကို အမြန်ရောက်လာပါတော့လား။ ပျော်ရွှင်ခြင်းဆိုတဲ့ မင်းကို ငါတွေ့ချင်နေ
မိပြီ။
~
~
"ဒုန်း……ဒုန်း……"

"ထစ်ချုန်း …… ထစ်ချုန်း တံခါးလာဖွင့်အုံး"

"အား ……ဒီအချိန်ကြီး ဘယ်သူလဲကွာ"

ကြေးစား [Completed]Where stories live. Discover now