~ကြေးစား~Part-28
နေဝန်းထွက်ခါနီး နီကျင်ကျင်မိုးကောင်းကင်အောက်ဝယ် မျက်ဝန်းနီများနှင့်လမ်းလျှောက်နေသူတစ်လျှောက်။
ဦးတည်ရာသည် တစ်စုံတစ်ယောက်ရှိရာ။
အမုန်းနှင့်အချစ် လွန်ဆွဲချိန် ဦးတည်ရာပျောက်နေသူ။
ထိုသူ၏လက်များတုန်ရီနေသည်။"ပြန်လာပြီလားထစ်ချုန်း"
ကိုအောင်ဘွား၏ အမေးကိုမဖြေနိုင်။
ကလေးငယ်ရှိရာ အခန်းတွင်းသာဝင်ခဲ့သည်။
စောင်ပုံကြားနစ်မြှုပ်အောင် အိပ်စက်နေသည်။
စူချွန်ချွန်နှုတ်ခမ်းသေးသေးလေးက တခါတရံလှုပ်ခတ်လာသည်။။
ဖြူစင်လွန်းသည်ဆိုတာထက် ကိုယ့်အပေါ်မှာ တွယ်တာလွန်းသည်။သွေးစွန်းနေပြီးသား ဓားသွားငယ်ကိုထုတ်ယူမိပြန်သည်။
မခြောက်သေးသည့် သွေးစက်တို့က လူကိုလှောင်ပြောင်နေသလိုခံစားရပြန်သည်။
သူမပြောသွားခဲ့သည်။
ဘယ်အချိန်ထိကာကွယ်နိုင်မလဲတဲ့။
အခုအချိန်မှာ ကာကွယ်ပေးဖို့ထက် ကိုယ်တိုင်ကနာကျင်အောင်လုပ်ချင်နေမိသည်။အပြစ်ရှိသူက ကလေးငယ်မဟုတ်ပေမဲ့
ဝန်မခံချင်တဲ့ ကလေးငယ်အဖေကြောင့်
အပြစ်ပေးချင်မိသည်။"ထစ်ချုန်း မင်းရူးနေတာလား"
ဓားသွားချွန်သည် ကလေးငယ် လည်ပင်းစီရောက်ခါနီး၌ ကြားလိုက်ရသည့်အသံ။
ထိုနည်းတူ လက်ထဲကဓားကိုလဲ ဆွဲယူသွားသည်။ဓားကိုပြန်လုယူနေမိသည်က အသိစိတ်မဲ့နေသူလို။
ခပ်ပြင်းပြင်းလက်သီးချက်တစ်ခု မေးရိုးစီကျရောက်လာခြင်းနှင့်အတူ ဗိုင်းခနဲထိုင်ကျသွားရသည်။"ထစ်ချုန်း အသိစိတ်ပြန်ကပ်စမ်းပါကွာ"
"ဦး ……"
ကိုအောင်ဘွားရဲ့ အသိပေးသံနှင့်အတူ
မပီမသအသံလေးကိုပါဆက်ကြားလိုက်ရသည်။"ဦးဘာဖြစ်လို့လဲဟင် ဦးလေးအောင်ဘွား"
"ဘာမှမဖြစ်ပါဘူးပိုးလွန်း
ပြန်အိပ်လိုက်အုံးနော် ဦးလေး သူ့ကိုခေါ်သွားလိုက်မယ်""ဟုတ်"
ဦးလေးအောင်ဘွား တွဲခေါ်သည့် အတိုင်းဦးပါသွားသည်။
သွေးစတချို့ရှိနေသေးသည့် ဓားကိုမြင်မိချိန် လွန်းတွေးမိသည်က မမငွေဇင်ကိုများဦးသတ်လိုက်ပြီလား။ ။
~
~
ဒီလိုအဆုံးသတ်မယ်ဆိုတာ သိပေမဲ့ မကယ်တင်နိုင်ခဲ့ဘူး။
တောင်းပန်ပါတယ်တီလေးရယ်။
တီလေးအခန်းတံခါးကိုဖွင့်ဖို့ ဝေယံမရဲပါ။
ခါတိုင်းနေ့တွေလို စီးကြိုပြောဆိုမဲ့ တီလေးရှိမနေမှာ ဝေယံကြောက်သည်။