~ကြေးစား~Part-5
ကျနော့်ခေါင်းထက်သို့ လာရောက်မိတ်ဆက်သည့် တစ်စုံတရာ။
ကျနော့်နှုတ်ခမ်းတို့ အလိုအလျောက်ပြုံးသွားသည်။
သေချာသွားအောင် ခေါင်းထောင်ကြည့်မိတော့
ကလေးငယ်လေးရဲ့လက်က ကျနော့်ခေါင်းပေါ်သို့ရောက်နေသည်။
ဘာလို့လဲကလေးငယ်။ ငါကမင်းအတွက်ဖြစ်တည်လာတဲ့ ကြေးစားတစ်ယောက်မို့ မင်းကသခင်ဆိုတာသိအောင် ငါ့ခေါင်းကိုလာကိုင်တာလား။ကျနော်ကလေးငယ်ရဲ့ဦးထုပ်လေးကို ဦးတိမ်ညိုစီပေးလိုက်သည်။
ဦးတိမ်ညိုကကျနော့်ကို ပြုံးကြည့်နေသေးသည်။"ငါ့သမီးက မင်းကိုပထမဆုံးထိတွေ့တာပဲထစ်ချုန်း" တဲ့။
ဟုတ်မှာပါလေ။ ကလေးငယ်လေးက အမေ့နဲ့တာဝန်ကျဆရာဝန်တွေကလွဲပြီး ဦးတိမ်ညိုစီကိုတောင် အခုမှ ရောက်ဖူးတာလေ။
သူ့လက်နဲ့ထိတွေ့တာ ကျနော်ကပမထဆုံးဆိုတော့ ကြည်နူးသွားမိတာအမှန်။အားလုံးနဲ့ကလေးငယ်ကိုမိတ်ဆက်ပေးပြီးနောက် ဦးတိမ်ညိုက ကျနော့်စီကို ကလေးငယ်လေးအားပေးသည်။
ကျနော်အံ့သြနေမိသည်။"မင်းကာကွယ်ရမဲ့သူကို မင်းချီ ကြည့်"
"ဗျာ"
ကျနော် ဦးတိမ်ညိုထံမှ ကလေးငယ်လေးကို
မချီတက်ချီတက်နှင့် ချီလိုက်သည်။
အနီးကပ်မြင်နေရသည့် ကလေးငယ်ရဲ့မျက်နှာလေး။ အရုပ်မျက်နှာလေးလောက်သာရှိမည်။
တစ်ပတ်သာရှိသေးသည်မို့ အသားလေးတွေက နီမြန်းနေသေးသည်။
သို့သော် အင်မတန်ချစ်စရာကောင်းသည်။
ခပ်ဟဟပွင့်နေသည့် မျက်ဝန်းလေး။
ကျနော့်ကိုကြည့်နေသလို။
တကယ်ဆိုကလေးကမြင်ချင်မှမြင်ရအုံးမှာပါ။
နှာခေါင်းသေးသေးလေးကလဲရဲလို့။
စူထွက်နေသည့် နှုတ်ခမ်းသေးသေးလေးကလဲ ကျနော်စိတ်တွေ ဂျွန်းထိုးမှောက်ခုံ ဖြစ်စေသည်။
ပါးပြင်လေးကလဲကြည့်နေယုံနဲ့ အိစက်နေမည်ဆိုတာသိနိုင်သည်။
ပါးဖောင်းဖောင်းလေးကို ငုံနမ်းချင်သည့် စိတ်တို့ကထိန်းချုပ်လို့မနိုင်စွာ။"ကျနော် …… ကျနော် ……ကလေးငယ်ကိုနမ်းလို့ရမလား"
ဦးတိမ်ညိုကိုတစ်လှည့် အမေ့ကိုတစ်လှည့်ကြည့်ကာ ကျနော်မေးလိုက်မိသည်။
အမေကထိုင်နေရာမှထလာပြီး~