~ကြေးစား~Part-22
ကျောင်းရှေ့ဆိုင်ကယ်ရပ်သည်နှင့်
ကျောင်းပေါက်တွင် ဝေယံ့ကိုမြင်တော့ အနည်းငယ်နေရခက်သွားသည်။
မမြင်ချင်ယောင်ဆောင်ရအောင်လဲ
တူတော်မောင်ကရှေ့တည့်တည့်တွင်ဖြစ်သည်။ဝေယံနဲ့ထစ်ချုန်းပတ်သက်မှုကိုတော့ ကလေးငယ်မသိသေးပါ။
ကလေးငယ်လဲ ထစ်ချုန်းကိုတစ်လှည့် ဝေယံ့ကိုတစ်လှည့်ကြည့်ကာ တစ်ခုခုကိုစိုးရိမ်နေသည်။
ဝေယံကတော့ အထွေးအထူးတွေးတောနေဟန်မရှိ။
ထစ်ချုန်းတို့အနားရောက်လာသည်။"လွန်း ဒီနေ့စောသားပဲ"
"ဟုတ် ကိုဝေယံ ကျောင်းထဲမဝင်သေးဘူးလား"
"ဝင်မှာ ဦးနဲ့ခဏပြောစရာရှိလို့"
ကလေးငယ်က ထစ်ချုန်းကိုလှည့်ကြည့်သည်။
"ဦး မေမေကညနေစာအိမ်မှာလာစားတဲ့
တီလေးက လက်ကိုင်ပန်စည်းသွားဝယ်ဖို့ပြောလိုက်တယ် အချိန်ရတဲ့အခါဖုန်းဆက်အုံးတဲ့""အော် အင်း ဦးဆက်လိုက်မယ်
ကျောင်းထဲဝင်ကြတော့လေ နောက်ကျနေလိမ့်မယ်""ဟုတ် လွန်းသွားရအောင်လေ"
"ရှင် ဟို ကိုဝေယံသွားနှင့်လိုက်ပါ"
"မသွားချင်ဘူး လွန်းနဲ့အတူတူသွားမှာ"
"အော် ဟုတ်~~"
ကလေးငယ် ပြောစရာရှိလာမှန်းထစ်ချုန်းသိပေမဲ့ ကျောင်းထဲဝင်ဖို့ ခေါ်နေတဲ့ ဝေယံကြောင့်
ဘာမှမပြောဘဲလိုက်သွားသည်။
ကျောပြင်လေးနှစ်ခုက နောက်ကကြည့်တာတောင် လိုက်ဖက်လွန်းနေသည်။
သိပ်ချစ်ရသည့်တူလေးနဲ့ မြတ်နိုးလွန်းရသည့်ကလေးငယ်။
ခပ်ရေးရေးသာပြုံးလိုက်မိသည်။
အသက်မပါသည့်အပြုံးဆိုတာဒါမျိုးထင်သည်။"လွန်း ညနေအားလား"
နှစ်ယောက်အတူယှဉ်ပြီးကျောင်းထဲဝင်လာတာမို့
ကွက်ကြည့် ကွက်ကြည့် ဖြစ်နေကြသည်။
လွန်းခေါင်းကိုသာ အတင်းငုံ့ကာလမ်းလျှောက်မိသည်။
ကိုဝေယံ့စီကစကားသံကြားမှ မော့ကြည့်မိသည်။"လွန်းမအားလို့လား"
"ဘာလို့လဲ"
"လွန်းကိုအိမ်အလည်ခေါ်မလို့"
![](https://img.wattpad.com/cover/377231716-288-k429393.jpg)