Part 6

3.6K 68 0
                                    

~ကြေးစား~Part-6

မနက် 2နာရီလောက် အလုပ်ကိစ္စအားလုံးပြီးဆုံးပြီမို့ ကျနော်ကလေးငယ်ရှိရာစီပြန်လာခဲ့သည်။
အိမ်ကိုရောက်ရင် ကလေးငယ်ရဲ့နာမည်လေးကိုသိရတော့မည်။
ကလေးငယ်ရဲ့နာမည်ကတော့ ကလေးငယ်လိုပဲချစ်စရာဖြစ်နေမလား။
နာမည်လေးနဲ့ကလေးငယ်ကလိုက်ဖက်နေမလား။
ကလေးငယ်အကြောင်းတွေးနေယုံနှင့် ကျနော်ပျော်ရွှင်တက်ခဲ့သည်။
သို့သော် ကျနော်၏အပျော်များ ကြာရှည်မခံခဲ့။
အိမ်ကြီးရှေ့တွင် မြင်လိုက်ရသော မြင်ကွင်းက
ကျနော့်ကိုထိတ်လန့်သွားစေသည်။

ဖရိုဖရဲဖြစ်နေသော စားပွဲများ။
ကျိုးပျက်နေသော ခုံများ။
သွေးမခြောက်သေးဘဲ သေဆုံးနေသည့် အစောင့်တချို့။
ကွဲအက်နေသောအိမ်အဝင်မှန်တံခါး။
အရာအားလုံးကတစ်စစီဖြစ်လို့နေသည်။

ကျနော်ကားပေါ်ကပြေးဆင်ကာ အိမ်ကြီးထဲဝင်လာခဲ့သည်။
ဦးစွာရှာမိသည်က ကလေးငယ်။
ကလေးငယ် ဘာမှမဖြစ်စေဖို့ ကျနော်ဆုတောင်းလိုက်မိသည်။
အိမ်ထိန်း၏လက်ပေါ်တွင် အိပ်မောကျနေသော ကလေးငယ်ကို မြင်မှ ကျနော်သက်ပြင်းချနိုင်တော့သည်။
ကျေးဇူးတင်ပါတယ် ဘုရားသခင်။
ကလေးငယ်ဘာမှမဖြစ်ဘဲရှိနေပေးလို့။

ကလေးငယ်မျက်နှာလေးကိုမြင်ပြီးမှ တဖက်တွင် ခေါင်းငိုက်စိုက်ကျနေသော ဦးတိမ်ညိုထံကြည့်မိသည်။
ဦးတိမ်ညို ဒူးထောက်လျှက်ထိုင်ကျနေသည်က အမေအိပ်နေသည့်ခုတင်ရှေ့။

သွေးကြောတွေလည်ပတ်နေရင်း ရပ်ဆိုင်းသွားသလိုခံစားလိုက်ရသည်။
အမေ့နှုတ်ခမ်းပါးစီမှာ သွေးစတချို့။
အဖြူ ရောင်ပိတ်ပါးစအောက်မှတန်းလန်းကျနေသော လက်နုနုမှ သွေးစက်လက်။
ကျနော့်ရင်ထဲ ဓားနဲ့ထိုးခွဲသလိုခံစားလိုက်ရသည်။
သူမသည် ကျနော်သိပ်ချစ်သော အမေမဟုတ်ပါလား။
အမိမဲ့သော ကျနော့်ကို မေတ္တာများစွာပေးခဲ့သောသူမ။
မျက်စိရှေ့မြင်ကွင်းသည် ကျနော့်အတွက် အိပ်မက်ဆိုးကြီးတစ်ခုကို မက်နေသလို။
နှလုံးသားစီမှာ တဆစ်ဆစ်နာကျင်လာခြင်းနှင့်အတူ သိလိုက်ရသည်က ကျနော်ရော ကျနော့်ရဲ့ကလေးငယ်ပါ အမေ့ကိုဆုံးရှုံးလိုက်ရခြင်း။
ကျနော်နဲ့ကလေးငယ် အမိမဲ့သွားပြီပေါ့။

ကြေးစား [Completed]Where stories live. Discover now