~ကြေးစား~Part-12
အသံတိတ်နေသည့် ဦးကိုပြန်ကြည့်မိတော့ မျက်လုံးတွေနီရဲကာ ဒေါသထွက်နေသည်။
အခြေအနေကို လွန်းချက်ချင်းသဘောပေါက်သွားရသည်။"ဦး လွန်းပြောတာကလေ
လွန်းက အဲ့လူကိုဝင်တိုင်တာ သူကတိုက်တာမဟုတ်ဘူး ပြီးတော့လွန်ကဘာမှမဖြစ်ဘူး"ထိုအခါမှဦးလက်သီးစုပ်တွေပြေသွားတာကို
လွန်းမြင်လိုက်ရသည်။"ပြန်ရအောင်လေ ဦး"
"ကလေးငယ် အမှန်အတိုင်းပြောနေတာလား"
"လွန်း ဦးကိုဘယ်တုန်းကလိမ်ဖူးလို့လဲ
လွန်းကိုမယုံဘူးလားဦးက""ယုံပါတယ် ဦးက ကလေးငယ်အတွက်စိတ်ပူလို့"
ကလေးငယ်ကိုကားတံခါးဖွင့်ပေးရင်မှ
ကလေးငယ်ကိုင်ထားသည့် အိတ်ကိုမြင်လိုက်ရသည်။
ကားမောင်းနေရင်းမှ မေးလိုက်သည်။"ကလေးငယ် အိတ်ထဲကဘာလဲ"
"အာ … ဦးမေးမှသတိရတယ်
ဒါကျောင်းဝတ်စုံအသစ်တဲ့""ဟုတ်လား"
ထစ်ချုန်းခပ်ပြုံးပြုံးသာပြန်ဖြေလိုက်သည်။
ကျောင်းဝတ်စုံကဘယ်လိုပုံဖြစ်မည်ဆိုတာ ထစ်ချုန်းသိနေသည်လေ။
ကလေးငယ်ကအသံတိတ်နေသည်မို့စောင်းကြည့်တော့ ထစ်ချုန်းကိုဝါးစားမတက်ကြည့်နေတာတွေ့လိုက်ရသည်။"ကလေးငယ် ဘာဖြစ်လို့လဲ"
"ဒါဦးလုပ်တာမဟုတ်လား"
"ဟင် ဘယ်ဟာလဲကလေးငယ်ရဲ့"
"ဒီကျောင်းဝတ်စုံကိစ္စလေ
ကျောင်းအုပ်ကိုဦးသွားပြောတာမဟုတ်လား"ကလေးငယ်ဘယ်လိုများရိပ်မိပါလိမ့်။
ထစ်ချုန်းစိတ်ကိုကျန်တဲ့သူကသာမသိမှာ ကလေးငယ်ကတော့ ဒက်ခနဲဆိုသိသည်။
သို့ပေမဲ့လဲ ထစ်ချုန်းကတော့ ငြင်းရမည်။"ပေါက်ပေါက်ရှာရှာကလေးငယ်ရယ်
မိန်းကလေးကျောင်းဝတ်စုံကိစ္စ ဦးကဘာလို့ပြောရမှာလဲ""ဒါဆိုဘာလို့ကျောင်းဝတ်စုံကိုပြောင်းရတာလဲ"
"ကလေးငယ်တို့ကျောင်းအုပ်ပဲသိမှာလေ
ဘာလို့လဲ ကလေးငယ်ကကျောင်းဝတ်စုံကိုသဘောမကျလို့လား"