~ကြေးစား~Part-13
"သမီး ပိုးလွန်း"
"ဒယ်ဒီ ကယ်ပါအုံး ဦးကိုကယ်ပါအုံးဒယ်ဒီ"
ကျောင်းသွားခါနီးအချိန်ထိသမီးဖြစ်သူပြန်မလာတာမို့ ဦးတိမ်ညိုလိုက်လာခဲ့ခြင်း။
သမီးရဲ့ငိုသံကြောင့် ထစ်ချုန်းနေတဲ့အိမ်လေးထဲအမြန်ဝင်လာခဲ့မိသည်။"ဘာမှမဖြစ်ဘူး မငိုနဲ့သမီး"
"ဦးကိုခေါ်လို့မရဘူးဒယ်ဒီ
ဦးကိုခေါ်ပေးပါအုံး"ဦးတိမ်ညိုဖုန်းထုတ်ကာ အောင်ဘွားကိုဒေါက်တာခေါ်ဖို့လှမ်းပြောလိုက်သည်။
အောင်ဘွားလဲချက်ချင်းရောက်လာသည်။"ဆရာကြီး ကျနော်ဒေါက်တာကိုဖုန်းဆက်ထားပါတယ်"
"အေး ထစ်ချုန်းနှလုံးမခုန်ဘူး"
"ဗျာ"
အောင်ဘွားလဲလန့်သွားရသည်။
မနေ့ညကအိမ်အနီးအနားမှ ပြသနာတစ်ခုဖြစ်သွားခဲ့တာမို့ ထစ်ချုန်းရောအောင်ဘွားပါ ပါဝင်တိုက်ခိုက်ဖြစ်ခဲ့သည်။
ထစ်ချုန်းဒဏ်ရာတစ်ခုခုများရလိုက်လေသလား။
ဒီကောင်ကတစ်ခုခုဆိုထုတ်ပြောတာမဟုတ်တော့ခက်သား။ထစ်ချုန်းကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်လိုက်သောအခါ မြင်မကောင်းလောက် ရဲပတောင်းခတ်နေသည့်သွေးများ။
ကိုယ်ပေါ်က ရှပ်အင်္ကျီအဖြူ သည်သွေးအရောင်များလွှမ်းလို့နေသည်။
ဝမ်းဗိုက်ကိုအုပ်ကိုင်ထားသည့်လက်ကိုဖယ်လိုက်တော့ အတော်အတန်နက်သည့်ဓားဒဏ်ရာ။
အဝတ်စတစ်ခုနဲ့ဖြစ်သလိုစည်းနှောင်ထားခြင်း။
ညကတည်းကထိုအတိုင်းရှိနေတာမို့ ဒဏ်ရာကသွေးထွက်လွန်နေတာဖြစ်လိမ့်မည်။လက်ကောက်ဝတ်ကိုကိုင်ကြည့်တော့ သွေးခုန်နေသေးသည်မို့ မသေသေးတာကိုတော့ အောင်ဘွားသိလိုက်သည်။
နှလုံးခုန်ရပ်သွားတာကလဲ နာကျင်လွန်းတာကြောင့်ပဲဖြစ်လိမ့်မည်။ပိုးလွန်းလေးကိုကြည့်လိုက်တော့ သူ့ပါးစပ်လေးကိုလက်နဲ့အုပ်ကာ အသံမထွက်အောင်ငိုနေသည်။
ဦးတိမ်ညိုကသူမကိုထွေးပွေ့ထားလျှက်။"ဆရာကြီး ဒေါက်တာရောက်ပါပြီ"
အပြင်ကအသံကြောင့် အောင်ဘွားတံခါးသွားဖွင့်ပေးလိုက်သည်။
![](https://img.wattpad.com/cover/377231716-288-k429393.jpg)