~ကြေးစား~Part-16
တစ်ပတ်ကျော်သွားပြီ။
ထစ်ချုန်းကလေးငယ်ကိုကျောင်းလိုက်မပို့ဘဲ အကြောင်းအမျိုးမျိုးပြကာ ရှောင်နေခဲ့သည်။ကလေးငယ်ကတော့ ထစ်ချုန်းကိုတွေ့ဖို့ကြိုးစားပါသည်။
ကလေးငယ်ကျောင်းသွားမှ နောက်ကဆိုင်ကယ်နဲ့လိုက်ကြည့်တာကိုတော့ ကလေးငယ်သိမည်မဟုတ်။ဒီနေ့လဲ ကိုအောင်ဘွားက ကလေးငယ်ကိုကျောင်းပို့ပြီးပြန်သွားသည်။
ထစ်ချုန်းကသာ ကျောင်းရှေ့မှာစောင့်နေတာဖြစ်သည်။
ကျောင်းဆင်းချိန်နီးရင်တော့ ကိုအောင်ဘွားကို
ဖုန်းဆက်ပြီး ထစ်ချုန်းကပြန်ယုံသာ။"ဦး"
"ဝေယံ"
"တော်သေးတာပေါ့ဗျာ ကျနော့်ကိုမှတ်မိသေးလို့"
ဝေယံ့ကိုမြင်တာနဲ့ ထစ်ချုန်းအလိုလိုပြုံးမိရသည်။
ကလေးငယ်အပြင် တခြားတစ်ယောက်ကို မြင်ယုံနဲ့ပြုံးတာ ဝေယံကဒုတိယမြောက်ဖြစ်သည်။
ထစ်ချုန်းဆိုတာ ကလေးငယ်ရှေ့ကလွဲပြီး ဘယ်သူ့ရှေ့မှာမှပြုံးသည့်လူမဟုတ်။
ဘယ်လိုပဲလူယုတ်မာတစ်ယောက် ရဲ့ကလေးဖြစ်ပါစေ ဝေယံက ထစ်ချုန်းရဲ့တူလေးပဲမဟုတ်ပါလား။"ဟာ …… ဦးလေး ကျနော်မေးတာလဲမဖြေဘူး"
"ဘာမေးတာလဲ"
"တစ်ပတ်လုံးမတွေ့ဘူးလို့
ဦးဘယ်တွေပျောက်နေတာလဲ""ကိစ္စလေးတွေရှိလို့ပါ
မင်းမေမေရောနေကောင်းလား""ကောင်းပါတယ်
ဦးလေးက တီလေးကိုမမေးဘဲ ဘာကိစ္စမေမေ့ကိုမေးတာလဲ""မင်းတီလေးနဲ့ကတွေ့တယ်လေ
အဲ့ဒါကြောင့် မင်းမေမေကိုမေးတာပါ
မင်းကလဲ မင်းမေမေ အနေအေးသလောက်
ဒေါသချည်းပဲ""ဒေါသမထွက်ပါဘူးဗျ
ဒီတိုင်းလေသံကမာသွားတာ""အင်း မင်းအတန်းမတက်ဘူးလား"
"အတန်းထဲ ဆရာ မဝင်လို့ အပြင်ထွက်လာတာ
ဦးနဲ့တွေ့တာ ကွက်တိပဲ ကျနော်နဲ့အအေးလိုက်သောက်ပါလား တစ်ယောက်ထဲသွားဖို့ ပျင်းလို့""Kingကလဲပျင်းတက်တာပဲလားကွာ"
"ကျနော်က Kingဆိုတာသိတယ်ပေါ့ဦးက"