Part 15

2.5K 50 0
                                    

~ကြေးစား~Part-15

"ဒယ်ဒီလိမ်နေတာ
လွန်းကိုလိမ်နေတာ ဦးမှာဘယ်သူမှမရှိဘူး
ဦးက လွန်းကိုပဲချစ်တာ"

"ထစ်ချုန်းချစ်သူက ငွေဇင်ကြယ်ဟိန်းပဲသမီး"

"ဟင်"

လွန်းမျက်လုံးလေးတွေဝိုင်းသွားရ၏။

"ကြာပြီ သူတို့ချစ်သူဖြစ်တာကြာပြီ
အခုသမီးငွေဇင်နိုင်ငံခြားကပြန်လာတာကလဲ
ထစ်ချုန်းနဲ့လက်ထပ်တော့မှာမို့"

"ဟင့်အင်း ဦးတခါမှ အဲ့ဒီလိုမပြောဖူးဘူး
မမငွေဇင်နဲ့ဦးကသူငယ်ချင်းတွေတဲ့ ဒယ်ဒီဘာလို့လိမ်ပြောနေတာလဲ"

"သမီးမယုံဘူးဆိုရင် နောက်နေ့ကျ သမီးဦးကိုသေချာမေးလိုက်ပေါ့ ကဲ အိပ်တော့"

ဒယ်ဒီကတော့ အိပ်တော့လို့ပြောပြီးထွက်သွားသည်။
လွန်းမအိပ်နိုင်ဘူး။ စာလဲဆက်မကျက်နိုင်တော့ဘူး။ မယုံပါရစေနဲ့။ ဦးကမမငွေဇင်နဲ့ ချစ်သူတွေတဲ့။ လက်ထပ်တော့မယ်တဲ့။
လွန်းကလွဲပြီးဘယ်သူ့ကိုမှမချစ်ပါဘူးဆိုတဲ့ ဦးကလက်ထပ်မယ်။
သူနဲ့ခင်တာ ကလေးငယ်မကြိုက်ဘူးလား ဆိုတဲ့ဦးက လက်ထပ်အုံးမယ်။
ခင်တာတောင် မကြိုက်တာကို လက်ထပ်တာအထိပါလွန်းက ဘယ်လိုသဘောထားပေးရမလဲဦးရယ်။
ဒယ်ဒီပြောသလို ဦးကလွန်းကို ကလေးတစ်ယောက်လိုပဲချစ်တာလား။
အဲ့ဒီထက်မပိုလို့လား။
~
~
"ဦးမအားဘူးကလေးငယ်
ကိုအောင်ဘွားနဲ့ပဲသွားလိုက်"

"ဦးကဘာလို့မအားတာလဲ
တခါမှလွန်းကိုအဲ့လိုမပြောဖူးဘူးလေ"

"ဦးတကယ်မအားတာကလေးငယ်
ဦးသွားစရာရှိတယ်"

"ဘယ်ကိုလဲ ဦးဘယ်သွားမှာလဲ
လွန်းလဲလိုက်မယ်"

"ကျောင်းမတက်ဘူးလား"

"မတက်ဘူး ဦးလိုက်မပို့ရင်မတက်ဘူး"

"ကလေးငယ်သဘောပဲ
ဦးနဲ့တော့လိုက်လို့မရဘူး"

"ဘာလို့လဲ ဦးကအခုဘယ်သူ့စီသွားမှာမို့လဲ"

"ငွေဇင်ကြယ်ဟိန်းစီ"

ခဏမျှကြာအောင် ကလေးငယ်စီကစကားသံထပ်ထွက်မလာခဲ့။

"လွန်းကျောင်းသွားတော့မယ်
ဦးလေးအောင်ဘွား ကားအဆင်သင့်ပြင်ထားပေးပါ"

ကြေးစား [Completed]Where stories live. Discover now