Part 8

3.1K 58 1
                                    

~ကြေးစား~Part-8

အသက် 20ဝန်းကျင်နှင့်ကိုယ်ဝန်ဆောင်မိန်းကေလေးကိုကြည့်ကာ
ထစ်ချုန်းဝမ်းနည်းလာရသည်။
နှစ်တွေအကြာကြီး သူမကိုပစ်ထားမိခဲ့သည်။
ဒီမိန်းကလေးအရွယ်မှာ သူမလဲအခုလိုပဲလား။

"အဲ့ဒီကောင်မလေးကသနားစရာကောင်းတယ်ထစ်ချုန်း လူလိုမသိတက်တဲ့ လူတစ်ယောက်ကြောင့် အခုလိုဒီကိုရောက်လာတာလေ
သူခဏခဏသတ်သေဖို့ကြိုးစားလို့ ဆရာမကြီးတို့ သူ့ကိုအမြဲဂရုစိုက်ရတယ်"

"သူ့မှာဆွေမျိုးသားချင်းမရှိဘူးလား"

"မရှိဘူးထင်ပါတယ် ကောင်မလေးကဘာမှလဲပြောမပြဘူး ဆရာမကြီးတို့လဲ သူမီးဖွားပြီးတဲ့အထိ ခေါ်ထားမလို့လေ နောက်မှသူထွက်သွားချင်တယ်ဆိုရင်လဲ ခွင့်ပြုရမှာပေါ့"

"သူ့အတွက် လိုအပ်တာကျနော်ထောက်ပံ့ပေးပါ့မယ် အကယ်၍ သူဒီကထွက်သွားတော့မယ်ဆိုလဲ သူ့အတွက် နေဖို့စားဖို့အဆင်ပြေအောင် ငွေအလုံအလောက်ပေးလိုက်ပါဆရာမကြီး
အားလုံးကိုကျနော်တာဝန်ယူပါတယ်"

"ကျေးဇူးတင်ပါတယ် ထစ်ချုန်း မင်းကြောင့်သာ ဆရာမကြီးတို့ဂေဟာလေးအခုထိတည်နေနိုင်တာ"

သူမတုန်းကရော အခုလိုပဲ သနားစဖွယ်ဖြစ်နေမလား။ သူမရော ဒီမိန်းကလေးလိုပဲ ကိုယ်ဝန်ဆောင်ခဲ့ရမလား။ သူမဘယ်လိုအင်အားမျိုးနဲ့ရင်ဆိုင်နေလဲ။
တောင်းပန်ပါတယ် အမရယ်။
ငါနင့်ကိုစွန့်ပစ်ထားခဲ့မိတယ်။
တကယ်ဆိုငါတစ်ယောက်ထဲကိုယ်လွတ်မရုန်းခဲ့သင့်ဘူး။
နင်သာ ဒီလောကကြီးမှာရှိနေသေးရင် ငါမတွေ့တွေ့အောင်ရှာမှာပါ။
ငါနင့်ကိုကာကွယ်စောင့်ရှောက်ပါ့မယ်အမရယ်။

ထစ်ချုန်းစိတ်ညစ်တာတွေကြောင့် ဂေဟာကအပြန် အရက်သောက်ဖြစ်သည်။
ကလေးငယ်မျှော်နေမှာသိပေမဲ့လဲ ပြန်လာတာနောက်ကျခဲ့သည်။
7နာရီလောက်မှပြန်လာတာတောင် ကလေးငယ်က ခြံပြင်မှာစောင့်နေသေးသည်။
7နာရီဆိုတဲ့ အချိန်ကထစ်ချုန်းအတွက်စောသေးပေမဲ့ ကလေးငယ်အတွက်တော့ မစောတော့။
ညအထိခြံပြင်မှာရှိနေတာ ကလေးငယ်အတွက် အန္တာရာယ်များလွန်းသည်။
ကလေးငယ်အနားမှာ ကိုအောင်ဘွားရှိနေလို့ တော်သေးသည်။

ကြေးစား [Completed]Where stories live. Discover now