~ကြေးစား~Part-21
"ကလေးငယ် ဦးညနေအထိစောင့်မနေတော့ဘူးနော် သွားစရာလေးရှိလို့ ကိုအောင်ဘွားကို လွှတ်လိုက်မယ်"
"ဟုတ်"
ကလေးငယ်ကိုအရင်လိုကျောင်းလိုက်ပို့ပေးရသည်။ ကျောင်းရှေ့မှာ အရင်လိုတော့ စောင့်မနေနိုင်တော့။
မင်္ဂလာပွဲကိစ္စစီစဉ်စရာလေးတွေရှိသေးသည်။
ထစ်ချုန်းမပြောပေမဲ့ ကလေးငယ်လဲရိပ်မိပါသည်။"တစ်ခုခုဆို ကိုအောင်ဘွားကို ခေါ်လိုက်နော်ကလေးငယ်"
"ဟုတ် ဦးသွားစရာရှိတာသွားတော့လေ"
"အင်း"
ထစ်ချုန်းကျောင်းကနေအိမ်ပြန်လာခဲ့သည်။
ကျောင်းရှေ့မှာ ရှိုက်ကာငိုနေသည့် ကလေးငယ်ကိုတော့ နောက်ကြည့်မှန်ကတဆင့်ကြည့်ရင်းသာ ရင်နာနေရသည်။"လွန်း"
"အင့်…… ကိုဝေယံ"
လွန်းမျက်ရည်တွေ ကမန်းကတမ်းသုတ်ပစ်လိုက်သည်။
"လွန်း ငိုနေတာလား"
"ရှင် မဟုတ်ပါဘူး
လွန်းကျောင်းထဲဝင်တော့မယ်"ကျောင်းထဲဝင်သွားသည့် လွန်းနောက်ကို ဝေယံဆက်မလိုက်ဖြစ်။
ငိုနေမှန်းသိပေမဲ့ ဘယ်လိုဖြေသိမ့်ပေးရမလဲဝေယံမသိ။
ဦးကြောင့် လွန်းငိုနေတော့ ပိုဆိုးသည်။
ကားပေါ်တက်ကာ ထွက်သွားသည့် ဦးကိုကြည့်ကာ တရှိုက်ရှိုက်ငိုနေသည့် လွန်းကိုဝေယံဘယ်လိုများဆက်ချစ်ရပါ့မလဲ။
ဝေယံက လွန်းကိုချစ်တယ်။
လွန်းက ဦးကိုချစ်တယ်။
ဦးကရော……။
သေချာပါတယ် ဦးချစ်တဲ့သူက တီလေးတော့မဖြစ်နိုင်ပါ။ဝေယံဦးအပေါ်တော့ သံသယမဝင်ချင်ပါ။
ဦးပြောထားသည်လေ ဝေယံနဲ့ဦးကပြိုင်ဖက်တွေမဟုတ်ဘူးတဲ့။
ဦးကိုဝေယံယုံကြည်သည်။
ဦးကမကြာခင် တီလေးနဲ့လက်ထပ်မှာမို့
လွန်းကိုဝေယံပိုင်ဆိုင်ဖို့ အတ္တကြီးချင်သည်။
လွန်းဘက်ကမချစ်ရင်တောင် ဝေယံဘက်ကပဲချစ်ချင်သည်။
နေရာမရှိတဲ့ လွန်းနှလုံးသားထဲကို ရအောင်တိုးဝင်ကြည့်ချင်မိသည်။
ဝေယံမကြောက်တက်ပါဘူး။
လွန်းဘေးနားကနေ မည်သူကပဲတွန်းထုတ်ပါစေ အနီးဆုံးရောက်အောင် ဆက်သွားရလိမ့်မည်။
အဘယ်ကဲ့သို့ အတားအဆီးရှိပါစေ။
တားစီးမည့်သူက ဦးဖြစ်နေရင်တောင်
ဝေယံရှေ့ဆက်ရလိမ့်မည်။
သိပ်ချစ်တာကြောင့်ပါ။
ဝေယံ လွန်းကိုသိပ်ချစ်မိသွားလို့။
~
~
ဖိတ်စာဒီဇိုင်းတစ်ခုပြီးတစ်ခုကို ငွေဇင်ရွေးချယ်နေသည်။
ထစ်ချုန်းလဲ သူမဘေးကနေ မငြီးမငြူ ခေါင်းငြိမ့်ပေးနေသည်။