~ကြေးစား~Part27
အခန်းတံခါးဆွဲဖွင့်လိုက်သည်နှင့် တဖျတ်ဖျတ်လက်နေသော မျက်ဝန်းတို့ဖြင့်
ငေးကြည့်လာသည့် ကလေးငယ်။ငွေဇင်ကတော့ ကလေးငယ်ခုတင်ဘေးမှာထိုင်နေသည်မို့ ထစ်ချုန်းကို ကျောပေးထားသည်။
သို့ပေမဲ့ ရောက်လာတာကိုတော့ သူမသိလိမ့်မည်။"ဦး လွန်းစီလာတယ်"
"အင်း ခဏနေမှဦးပြန်လာခဲ့မယ်
ငွေဇင် အပြင်မှာစကားပြောရအောင်လေ""ဒီမှာပဲပြောကြရအောင်ထစ်ချုန်း"
"ကလေးငယ် နေမကောင်းဘူး
အပြင်မှာပဲပြောမယ်""ဘယ်အချိန်ကျမှငါ့ကဦးစားပေးဖြစ်မှာလဲထစ်ချုန်း ငါပြောချင်တဲ့စကားကို ဘယ်နေရာမှာဖြစ်ဖြစ်
နားထောင်ပေးလို့မရဘူးလား""ဦး မမကဒီမှာပဲပြောမယ်ဆိုရင်
ပြောပါ လွန်းကိုအားမနာပါနဲ့
လွန်းနေကောင်းနေပါပြီ"မမငွေဇင် ဦးကိုစိတ်ဆိုးနေတာကြောင့်
လွန်းကပဲ ကြားကဝင်ပြောလိုက်ရသည်။"ငါတောင်းပန်ပါတယ်ငွေဇင်
မင်္ဂလာပွဲအတွက် တကယ်စိတ်မကောင်းဘူး""စိတ်မကောင်းဘူးဆိုတဲ့စကားတစ်ခွန်းက
သုံးစားမရတော့တဲ့ငါ့သိက္ခာတွေကို အဖက်ဆယ်ပေးနိုင်သလား ထစ်ချုန်း"ထိုစကားအဆုံး၌ ရိုက်ချက်တစ်ခုသည်လဲ ထစ်ချုန်းမျက်နှာထက် ကျရောက်သွားခဲ့သည်။
ဤမျှတော့ ခံယူသင့်သည်ဟု ထစ်ချုန်းယူဆမိတာမို့ မည်သို့မျှမတုန့်ပြန်ဖြစ်။"အဟင့် …… မမငွေဇင် လွန်းကြောင့်ပါ
ဦးကိုစိတ်မဆိုးပါနဲ့နော် ဦးကိုမရိုက်ပါနဲ့
လွန်းကိုပဲရိုက်လိုက်ပါနော် ဦးက ……ဟင့်……
ဦးကလွန်းကိုလာခေါ်လို့ အခုလိုဖြစ်သွားတာပါ လွန်းမှာပဲအပြစ်ရှိတာပါ"လွန်းငိုကာပြောရင်း မမငွေဇင်ရဲ့လက်ကိုလဲဆွဲထားမိသည်။
"ဟုတ်တာပေါ့ အဓိကအပြစ်ရှိတဲ့သူကမင်းပဲ မင်းကြောင့်သာ မဟုတ်ရင် ထစ်ချုန်းကတို့ကို ဥပေက္ခာပြုခဲ့မှာမဟုတ်ဘူး တို့မင်းကိုသိပ်မုန်းတယ် ပိုးလွန်း ဖြစ်နိုင်ရင် မင်းကိုတစ်စစီဆွဲဆုတ်ပစ်ချင်တဲ့အထိပဲ"