Part 19

2K 37 0
                                    

~ကြေးစား~Part-19

"ကျနော် လွန်းကိုချစ်တယ်ဦး"

ဦးကသိနေပြီးသားမို့ အထွေအထူး အံ့သြတာမျိုးမရှိ။
ဝေယံ့ကို ဦးဘက်ကတားမြစ်ချင်တာကိုလဲသိသည်။

"ချစ်ရင် မနာကျင်စေပါနဲ့ဝေယံ
ကလေးငယ် တစ်ခုခုဖြစ်ရင် ဦးဘာကိုမှ အာမခံနိုင်မှာမဟုတ်လို့"

"မမေးသင့်မှန်းတော့သိတယ်
ကျနော်နဲ့ဦးကသူစိမ်းတွေမဟုတ်လို့ ကျနော်မေးချင်တယ်"

"ဖြေပေးမယ် မင်းမေးချင်တာမှန်သမျှကို"

"ချစ်နေတာလား
လွန်းကို ဦးချစ်နေလို့လား"

တူဖြစ်သူစီကဒီလိုမေးလာမယ်လို့မျှော်လင့်မထားတာတော့အမှန်။

"အဲ့ဒါဆိုရင်တော့ မသိချင်နဲ့ဝေယံ
ဦးက မင်းတီလေးကိုပဲလက်ထပ်မှာ
ပြီးတော့ မင်းသိထား ဦးနဲ့မင်းက ဘယ်တော့မှပြိုင်ဘက်ဖြစ်လာမှာမဟုတ်လို့ စိတ်မပူနဲ့
ကလေးငယ်ကို မနာကျင်စေပဲ သူပြန်ချစ်လာအောင်ပဲကြိုးစား"

"ဟုတ် ကျနော်ဦးကို ယုံပါတယ်
လွန်းအတွက်ပဲ စိတ်ပူတာ ဟိုကောင်က လွန်းကိုချောင်းနေတာလေ"

"ဘယ်သူလဲ"

"ဟိုတခါ ဦး သမ,လိုက်တဲ့ကောင်
သူဌေးဦးတော်ဝင်ရဲ့သားလေ
သူကလွန်းကို ရအောင်ယူမယ်လို့ ကြွေးကြော်နေတာ"

"ဒီကောင်လေး အသက်ရှည်ရှည်မနေချင်ဘူးပဲ"

"ထပ်ပြီး သတ်အုံးမလို့လား
လွန်းကိုကျနော်လဲ အတက်နိုင်ဆုံး ကာကွယ်မှာမို့ ဦးစိတ်ကိုခဏအေးအေးထားပါ
အဲ့ကောင်လဲ မလှုပ်ရှားလောက်သေးပါဘူး"

"မလိုဘူးဝေယံ ကလေးငယ်ကို
ကာကွယ်ရမှာဦးတာဝန်မို့လို့
မင်းဝင်မပါနဲ့ ကလေးငယ်ကို မထိခိုက်စေချင်သလို မင်းကိုလဲ မထိခိုက်စေချင်ဘူး
ဦးအမကို မျက်နှာမပြရဲအောင်တော့ မလုပ်ပါနဲ့"

"ကျနော်သိပါတယ် ကျနော်လဲယောကျာ်းတစ်ယောက်ပါ ကိုယ့်ကိုကိုယ်အထိခိုက်မခံပါဘူး"

"ဟား …… ငါ့တူလို့မပြောရဘူး
အပြောကတော့ နည်းနည်းမှမလျော့ဘူး
တဇွတ်ထိုးကောင်"

ကြေးစား [Completed]Where stories live. Discover now