~ကြေးစား~Part-20
ကလေးငယ်ကိုစိတ်မချပေမဲ့ အလုပ်ကိစ္စအရေးကြီးတာကြောင့် ထားခဲ့ရသည်။
ပြန်လာတော့လဲ ကလေးငယ်စီသာ တန်းလာခဲ့သည်။"ကလေးငယ် သတိရနေပြီလား"
"ဦး……"
ထစ်ချုန်းကိုမြင်တာနဲ့ အိပ်နေရာက ထဖို့ကြိုးစားသည်။
"နေ နေကလေးငယ်မထနဲ့"
အနားရောက်သွားတဲ့ ထစ်ချုန်းကို
ကလေးငယ်က ဆုန်ချည်ဆန်ချည် တစ်ကိုယ်လုံးကိုလိုက်ကြည့်သည်။"ဘာဖြစ်လို့လဲကလေးငယ်"
"ဦး ဒဏ်ရာမရဘူးမို့လားဟင်"
"အင်း ဦးဘာမှမဖြစ်ပါဘူး
ကလေးငယ် လည်ပင်းကနာနေသေးလား
ဒေါက်တာက ဘာပြောသွားသေးလဲ""မနာတော့ပါဘူး
သက်သာသွားပြီ""ကလေးငယ်မှန်းသိရင် ဦးအဲ့လိုမလုပ်ပါဘူးကွာ
အခုတော့ ဦးကြောင့်……""ဦးတကယ်လက်ထပ်တော့မှာလား"
မဖြေချင်သည့် မေးခွန်းကိုသာမေးပြန်သည်။
ကလေးငယ်ကို စိတ်ထိခိုက်စေမဲ့ စကားတွေထစ်ချုန်းမဖြေချင်ပါ။"ဟင် လို့ဦး"
"အင်း လက်ထပ်မှာ"
"လွန်းမတားပါဘူး
ဦးသဘောပါ ဒါပေမဲ့လေ လက်မထပ်ခင်အချိန်ထိတော့ လွန်းကိုပစ်မထားပါနဲ့နော်
အရင်တုန်းကလိုပဲ လွန်းအပေါ်ကလေးတစ်ယောက်ကိုဆက်ဆံသလို နွေးထွေးပေးပါ
လွန်းကို ညီမလေးလိုပဲချစ်ပေးပါနော်"ကလေးငယ်ရယ် ဦးကိုအဲ့လောက်တောင်ချစ်လား။
ဦးကိုမချစ်တာ ကလေးငယ်အတွက် အကောင်းဆုံးပါ။
ဖြစ်နိုင်ရင် မချစ်ပါနဲ့လားကလေးငယ်။"အင်း ဦးနေပေးမယ်နော်
မနက်ဖြန်တော့ ကျောင်းမတက်နဲ့
အိမ်မှာပဲနားလိုက်""ဟုတ်"
"ပြန်အိပ်လိုက်အုံး
ဦးကြောင့် အိပ်ရေးပျက်သွားပြီ""မအိပ်ချင်တော့ဘူး"
"အိပ်လိုက်ပါ အခုမှ မနက်2နာရီကျော်ပဲရှိသေးတယ်"
"အဲ့ဒါဆို လွန်းအနားမှာ ဦးစောင့်နေပေးမှာလား
မဟုတ်ရင် လွန်းအိပ်ပျော်မှာမဟုတ်ဘူး"